ကော့သောင်းခရိုင်နှင့် မြို့နယ်ဥပဒေရုံးအဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနား ကျင်းပ

(၈၁) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် အသစ်တည်ဆောက်ပြီးစီးခဲ့သည့် ကော့သောင်းခရိုင်နှင့် မြို့နယ်ဥပဒေရုံး RC (၃)ထပ် အဆောက်အအုံသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက  ကျင်းပရာ အခမ်းအနားသို့ ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦး၊ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်နှင့်တကွ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရန်ကုန်အနောက်ပိုင်းခရိုင် (ဗဟန်း)၊ Community Centre ခန်းမ၌ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ် Talk Show ကျင်းပ

ရန်ကုန်အနောက်ပိုင်းခရိုင် (ဗဟန်း)၊ Community Centre ခန်းမ၌ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ် Talk Show ကျင်းပ ဗဟန်း မတ် ၇ သင်းသင်းစိုး(ခရိုင်/ပြန်ဆက်)

ထန်းတပင်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ် စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများအနေ့ အထိမ်းအမှတ်အဖြစ် စကားဝိုင်းဆွေးနွေးပွဲကို မတ်လ (၇) ရက်နေ့၊ နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Communiyt Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

ပင်လောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အခြေခံစစ်တုရင်သင်တန်း ပြုလုပ်

နွေရာသီကျောင်းပိတ်ရက်များဖြစ်သည်နှင့်အညီ လူငယ်လူရွယ်များ အချိန်ကို အကျိုးရှိစွာ အသုံးပြုနိုင်စေရန်နှင့် စစ်တုရင်အားကစားတိုးတက်စေရန်ရည်ရွယ်၍ အခြေခံစစ်တုရင်သင်တန်းကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့နံနက်ပိုင်းက စတင်သင်ကြားပေးခဲ့ကြောင်း သိရသည်။

သာကေတမြို့နယ်၌ Online Media နှင့်လူငယ်ဘဝခေါင်းစဥ်ဖြင့် (Talk Show) ဆွေးနွေးပွဲကျင်းပ

သာကေတမြို့နယ်၌ Online Media နှင့်လူငယ်ဘဝခေါင်းစဥ်ဖြင့် (Talk Show) ဆွေးနွေးပွဲကျင်းပ သာကေတ မတ် ၇ သဲထက်ဇင်(ပြန်/ဆက်)

(၈၁) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နှစ်ထပ်ကျောင်းဆောင်သစ် ဖွင့်လှစ်

(၈၁) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ရှိ ၁၁၀ပေ x ၃၀ ပေ RCC နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲကို မတ်လ ၇ ရက်နေ့ နံနက် ၈ နာရီက အဆိုပါကျောင်းဆောင်သစ်ရှေ့၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ တက်ရောက်အားပေးချီးမြှင့်ခဲ့ကြသည်။

ဘိုကလေးမြို့နယ်တွင် စက်သုံးဆီချွေတာသုံးစွဲရေး စုံ၊ မ ရက်ခွဲ၍ မော်တော်ယာဉ်များ မောင်းနှင် ရန်နှင့် စက်သုံးဆီဆိုင်များ စုံ၊ မ ရက်/ယာဉ် ခွဲခြား၍ ရောင်းချစေရေး အသိပညာပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ဘိုကလေး-စက်ဆန်းလမ်းဆုံအနီး ပုဂ္ဂလိကမော်တော်ယာဉ်လုပ်ငန်းယာဉ်များ စနစ်တကျပြေးဆွဲမှု ကော်မတီရုံးရှေ့တွင် ယနေ့ ညနေ (၃)နာရီခွဲအချိန်၌ ဖြတ်သန်းသွားလာကြသည့် မော်တော်ဆိုင်ကယ်များ အပါအဝင် မော်တော်ယာဉ်မောင်းနှင်ကြသူများအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများပါဝင်သည့် စက်သုံးဆီတင်သွင်း/ သိုလှောင်/ ဖြန့်ဖြူးရေးကော်မတီဝင်များက စက်သုံးဆီချွေတာသုံးစွဲနိုင်ရေးအတွက် မော်တော်ယာဉ် နံပါတ်များအား စုံ၊ မခွဲ၍ စုံရက်၊ မရက်အလိုက် မောင်းနှင်ကြရန် ယနေ့မတ်လ(၇)ရက်နေ့မှ (၁၃)ရက်နေ့အထိ အသိပညာပေးကာလအဖြစ်သတ်မှတ်ပြီး အသိပညာပေးကာလ ကျော်လွန်ပါက အငှားယာဉ်များ၊ အများသုံးယာဉ်များ၊ လုပ်ငန်းသုံးယာဉ်များမှအပ လိုက်နာ ဆောင်ရွက်မှုမရှိသူများအား ဥပဒေအရအရေးဆောင်ရွက်မည်ဖြစ်ကြောင်း အသိပညာပေး လမ်းညွှန်မှာကြားဆောင်ရွက်ကြသည်။

မိုးညှင်းမြို့၌ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်၏ (၄၀)ကြိမ်မြောက် သင်းလုံးကျွတ်အစည်းအဝေးအထိမ်းအမှတ် ဘော်လီဘောအလွတ်တန်း အမျိုးသားဖိတ်ခေါ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်၏ (၄၀)ကြိမ်မြောက် သင်းလုံးကျွတ်အစည်းအဝေး အထိမ်းအမှတ် ဘော်လီဘောအလွတ်တန်း အမျိုးသားဖိတ်ခေါ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက အစိုးရစက်မှုလက်မှုသိပ္ပံ(မိုးညှင်း)ကျောင်း၌ ကျင်းပသည်။

ဇေယျာသီရိခရိုင် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းပိုင် မူကြိုကျောင်းများ ၂၀၂၅-၂၀၂၆ ကျောင်းဆင်း ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်အတွင်းရှိ “မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းပိုင်” ကျည်တောင်ကန်မူကြိုကျောင်း၊ အေးမြင့်သာယာမူကြိုကျောင်းနှင့် ရေဆင်းမူကြို ကျောင်းများအား ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ်တွင် ပညာသင်ကြား/သင်ယူခဲ့ပြီးဖြစ်ပါသဖြင့် ကျောင်းဆင်းဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

မြစ်သားမြို့နယ်၌ ကိုယ်ထူ ကိုယ်ထ ကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ (၈၁) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရစ်ကန်ကျေးရွာအုပ်စု ရွာအဝင် ကိုယ်ထူကိုယ်ထ ကွန်ကရစ်လမ်းဖွင့်ပွဲကို မတ် ၇ ရက် နံနက် ၈ နာရီက အဆိုပါကျေးရွာတွင် ကျင်းပပြုလုပ်သည်။
Subscribe to