လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ အခွန်ဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲအခမ်းအနား ကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အခွန်ဦးစီးဌာနရုံးမှ ၂၀၂၅ -၂၀၂၆ ဘဏ္ဍာရေးနှစ် တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အခွန်ထမ်းပြည်သူများအား ပြေစာအမှတ်တံဆိုင်ရာသိမှတ်ဖွယ်ရာများနှင့် အခွန်အသိပညာပေးရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ဇူလိုင် ၁၃ ရက်နေ့ နံနက်ပိုင်း (၉) နာရီ၌ အမှတ်(၂)ရပ်ကွက်အခြေခံပညာအထက်တန်းကျောင်း အမှတ်(၁)အားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။