သာကေတမြို့ အမှတ်(၁)စျေး မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် မီးဘေးလုံခြုံရေး စစ်ဆေးအသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်ရှိ အမှတ်(၁)စျေး မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် မီးဘေးလုံခြုံရေး စစ်ဆေးအသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဆောင်လမ်းညွှန်မှုဖြင့် ယမန်နေ့ နံနက်ပိုင်းက  အဆိုပါ စျေးကြီးရှေ့တွင် ဆောင်ရွက်ခဲ့သည်။

ချမ်းမြသာစည်မြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့် ကျောင်းများအား ကြည့်ရှုစစ်ဆေး

မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်ဇော်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှုးများနှင့် မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာ/ဆရာမများပူးပေါင်းကာ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ် အခြေခံပညာကျောင်းများတွင် ၂၀၂၅ -၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာ​မေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ပြင်ဆင်နေရာချထားမှုအခြေအနေများကို ယမန်နေ့မွန်းလွဲ ၁ နာရီက လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ပျော်ဘွယ်မြိုနယ်တွင် ဆေးစိမ်ခြင်ထောင်ဖြန့်ဝေခြင်းနှင့် အသက် ၅ နှစ်အောက် ကလေးငယ်များအား ပိုလီယိုကာကွယ်ဆေး တိုက်ကျွေး

ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြိုနယ်၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများမှ မြိုနယ်အတွင်းရှိ ဒေသခံပြည်သူများ ငှက်ဖျားရောဂါနှင့် ခြင်မှတဆင့်ကူးစက်တတ်သောရောဂါများမှ ကာကွယ်နိုင်ရန်အတွက် ဆေးစိမ်ခြင်ထောင်ဖြန့်ဝေခြင်းနှင့် ကလေးငယ်များ အကြောသေရောဂါကင်းဝေးစေရန် ပိုလီယိုကာကွယ်ဆေး (OPV) တိုက်ကျွေးခြင်းကို မတ်လ ၆ ရက်၊ ညနေ ၃ နာရီက သက်ဆိုင်ရာကျေးလက်ကျန်းမာရေးဌာနများတွင် စနစ်တကျဆောင်ရွက်ခဲ့သည်။

ကျောက်ဆည်မြို့နယ်၌ နွေစပါးများစိုက်ပျိုးရာ၌ အောင်မြင်ဖြစ်ထွန်းရေး ကွင်းဆင်းအသိပညာပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ဒေသန္တရလျာထားချက်ဖြင့် နွေစပါး ၄၉၃၂ ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်းနှင့် နွေစပါးများစိုက်ပျိုးရာ၌ အောင်မြင်ဖြစ်ထွန်းရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်အောင်နှင့် ဝန်ထမ်းများက ကွင်းဆင်းအသိပညာပေး ဆောင်ရွက်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

မိုးနဲမြို့နယ်၌ ၂၀၂၆ ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ယမန်နေ့ ညနေ ၃ နာရီအချိန်က ၂၀၂၆ ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ကော့ကရိတ်မြို့နယ် ပြည်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကော့ကရိတ်မြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ကရင်ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမ (၂) ၌ ကျင်းပပြုလုပ်သည်။

မရမ်းကုန်းမြို့နယ်တွင် ကိုယ်ရည်ကိုယ်သွေးအခြေပြု စိတ်လူမှုပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းရပ်များ အလုပ်ရုံဆွေးနွေးပွဲအခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်ရှိ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း(ရန်ကုန်)၌ ဉာဏရောင်စဉ်လူမှုပြန်လည်ဖွံ့ဖြိုးရေးအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ကိုယ်ရည်ကိုယ်သွေးအခြေပြု စိတ်လူမှုပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းရပ်များ အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့  ညနေ ၄ နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အိမ်မဲမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂)၌ ပါဝင်ဆောင်ရွက်ပေးသူများအား ချီးမြှင့်ငွေများ ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၁၁)ရက်နေ့က ကျင်းပခဲ့ရာ ရွေးကောက်ပွဲမတိုင်မီ၊ ကျင်းပနေချိန်နှင့် ကျင်းပပြီးချိန်များတွင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသော ရပ်ကွက်/ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မဲပေးစက်များအား installation ဆောင်ရွက်ပေးသူများအား ချီးမြှင့်ငွေများပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေပြည်တန်ခန်းမ၌ ကျင်းပခဲ့သည်။

မိုးညိုမြို့၌ ငလျှင်ဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်း ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ သခင်လှရှိန်ရပ်ကွက်ရှိ ဒဂုံကျောင်းတိုက်၌ ယမန်နေ့ မွန်းလွဲပိုင်းက ငလျှင်ဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်း ပြုလုပ်သည်။

မြောက်ဥက္ကလာမြို့နယ်၌ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်း ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to