ဒဂုံမြို့သစ်(အ​ရှေ့ပိုင်း) မြို့နယ်တွင် မီးခိုးမြူ​ငွေ့ညစ်ညမ်းမှုဆိုင်ရာ အသိပညာ​​ပေး​ဟောပြောပွဲနှင့် စွန့်ပစ်ပစ္စည်းများအား သဘာဝ​မြေသြဇာအဖြစ် အသုံးပြုခြင်းဆိုင်ရာ လက်​တွေ့ဆောင်ရွက်

ဒဂုံအရှေ့ မတ် ၆

ရန်ကုန်တိုင်း​ဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အ​ရှေ့ပိုင်း)မြို့နယ်ရှိ ရှမ်းတဲကြီး အ​ရှေ့ပိုင်းကျေးရွာတွင် မီးခိုးမြူ​ငွေ့ညစ်ညမ်းမှုဆိုင်ရာ အသိပညာ​​ပေး​ဟော​ပြောပွဲနှင့် စွန့်ပစ်ပစ္စည်းများအား သဘာဝ​မြေသြဇာပြုလုပ်၍ ပြန်လည်အသုံးပြုခြင်းဆိုင်ရာ လက်​တွေ့​ဆောင်ရွက်ခြင်းတို့အား မတ်လ ၄ ရက်နေ့ ညနေ ၃နာရီ ၃၀ မိနစ်အချိန်က ​ဆောင်ရွက်ခဲ့ရာ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ရွာ​သူ/ရွာသားများ တက်ရောက်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန့်‌ဇော်က အဖွင့်အမှာစကား‌ပြောကြားပြီး ဒဂုံမြို့သစ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်း​ရေးဦးစီးဌာနရုံးမှ လက်ထောက်ညွှန်ကြား​ရေးမှူး ဦး​ကျော်နိုင်မိုးက မီးခိုးမြူ​ငွေ့ညစ်ညမ်းမှုဖြစ်​​ပေါ်​စေ​သော အကြောင်းအရင်းများ၊ မီးခိုးမြူ​ငွေ့တို့၏ ပျံ့လွင့်နိုင်မှု၊ ညစ်ညမ်းမှုမှတစ်ဆင့် ဖြစ်​ပေါ်နိုင်​သောဆိုးကျိုးများ၊ ထိန်းချုပ်​လျှော့ချ​ရေး​ဆောင်ရွက်နိုင်မှုများအား အသိပညာ​ပေးခြင်းနှင့်မမြင်နိုင်​သော လူသတ်သမား PM2.5 အ​ကြောင်းသိ​ကောင်းစရာ အသိပညာပေးဗီဒီယိုပြသခြင်းနှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမြင့်​အောင်မှ မီးဘေးအန္တရာယ်ကာကွယ်​ရေး အသိပညာ​ပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများအား နိုင်ငံအတွင်းမီးခိုးမြူငွေ့အန္တရာယ်ဝိုင်းဝန်းစုပေါင်း ဒို့ကာကွယ်အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်း​ရေးဦးစီးဌာနရုံးမှ ​ကျေးရွာရှိ အမှတ်(၅) အ​ခြေခံပညာအလယ်တန်း​ကျောင်းတွင် စိုက်ပျိုး​ရေး​ဘေးထွက်ပစ္စည်းများနှင့် လူ​နေအိမ်များမှထွက်ရှိ​သော အမှိုက်များအား သဘာဝ​မြေသြဇာပြုလုပ်၍ ပြန်လည်အသုံးပြုခြင်းဆိုင်ရာ လက်​တွေ့​ဆောင်ရွက်ခြင်းများ ​ဆောင်ရွက်ခဲ့ပါ​ကြောင်း သတင်းရရှိသည်။

အေးမဉ္ဇူ