ဇီးကုန်းမြို့နယ်တွင် (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ဆုပေးပွဲကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲနှင့် ဆုပေးပွဲကို ဇူလိုင်လ ၁၅ ရက်နေ့နံနက် ၉ နာရီက ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။