ကျောက်တံခါးမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ (၁) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ နှစ်ပတ်လည်အစည်းအဝေး အခမ်းအနား တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများသည် မတ်လ ၇ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့အား မြို့အင်္ဂါအရပ်နှင့်အညီ သန့်ရှင်းသပ်ရပ်သာယာလှပစေရေး၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးနှင့် ရပ်ကွက်နေပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် နေထိုင်သွားလာနိုင်ရေးအတွက် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်၊ ကုက္ကိုလ်လမ်း မှပိတောက်လမ်းအထိ ပြည်ထောင်စုလမ်း ရထားသံလမ်းတစ်လျှောက်အား မုံရွာမြို့ပေါ်ရှိ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား ၅၀၀ ဦးကျော်ဖြင့် စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။

မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာန၌ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ ညဏ်ရည်ညဏ်သွေး မြင့်မားလာစေရန် ရည်ရွယ်၍ ယနေ့မွှန်းလွဲ ၁ နာရီက ကျင်းပခဲ့သည်။

ကော့သောင်းမြို့တွင် ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံ မှတ်ပုံတင်စနစ် (CEIR) အကြောင်း သိကောင်းစရာနှင့် အခွန်ဆိုင်ရာ အသိပညာပေးရှင်းလင်း

ကော့သောင်းမြို့နယ်အတွင်းရှိ ဟန်းဆက်နှင့်ဆက်စပ်ပစ္စည်းလုပ်ငန်းရှင်များနှင့် မိုဘိုင်းလက်ကိုင်ဖုန်းသုံးစွဲသူပြည်သူများအား ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံ မှတ်ပုံတင်စနစ် (CEIR) အကြောင်းသိကောင်းစရာနှင့် အခွန်ဆိုင်ရာအသိပညာပေးရှင်းလင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့နယ် အခွန်ဦးစီးဌာနမှူးရုံး၌ ကျင်းပခဲ့သည်။

ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့၌ ​မီးရထားနှင့် သံလမ်းအား အနှောင့်အယှက်မပေးရေး၊ ဥပဒေပြစ်ဒဏ်များအား အသိပညာပေး ဆွေးနွေး

ပဲခူးတိုင်း​ဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့ရှိ မီးရထားသံလမ်းနှင့်နီးသော ဒေသခံပြည်သူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအား မီးရထား/သံလမ်းများ အနှောက်အယှက်မပေးရေး၊ ခဲဖြင့်ပစ်ပေါက်မှုထပ်မံမရှိစေရေးနှင့် ဥပဒေပြစ်ဒဏ်များအား ရှင်းလင်းခြင်းကို မတ်လ (၆) ရက်နေ့၊ မွန်းလွဲ (၁) နာရီခွဲက အ.ထ.က (၁) ကျောင်း၌ အသိပညာပေး​ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ကြံခင်းမြို့နယ်၌ ငြိမ်းထက်လင်း မူလတန်းကြိုကျောင်းဆင်းပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ကလို့ကွင်းအုပ်စု၊ အင်းကောက်ကျေးရွာ၊ အခြေခံပညာမူတန်းကျောင်းရှိ အစည်းအဝးခန်းမ၌ ၂၀၂၅-၂၀၂၆ ခုနှစ် ပညာသင်နှစ် ငြိမ်းထက်လင်း မူလတန်းကြိုကျောင်းဆင်းလက်မှတ်ပေးအပ်ပွဲနှင့် ပဒေသာကပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ကြံခင်းမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊  ဖိတ်ကြားထားသော ဧည့်ပရိတ်သတ်များ၊ ကျောင်းသား၊ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

မြောင်းမြမြိုနယ်တွင် တောင်ပေါ်စုကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း ကျောင်းဆောင်သစ်ဖွင့်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြိုနယ်၊ တောင်ပေါ်စုကျေးရွာတွင် (၈၁) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ မိနစ် ၃၀ တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး လယ်ဝေးမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် လယ်ဝေးမြို့နယ် စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူရနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အတွင်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

မြင်းခြံမြို့၌ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အသိပညာပေး (Talk Show) ပြုလုပ်

မြင်းခြံမြို့၌ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အသိပညာပေး (Talk Show) ပြုလုပ် မြင်းခြံ မတ် ၇ ချစ်ဦးနွေ(မြင်းခြံ)

ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌  စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်က ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to