ကျောက်တံတားမြို့နယ်၌ အခြေခံကွန်ပျူတာသင်တန်းနှင့် ပန်းချီသင်တန်းများ အခမဲ့ဖွင့်လှစ်

ကျောက်တံတား မတ် ၆

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူလူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ အခြေခံကွန်ပျူတာသင်တန်းနှင့် ပန်းချီပညာသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ဖွင့်လှစ်ခဲ့သည်။ ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်ရွှေက သင်တန်းများဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ပြောကြားပြီးနောက် Book Club အဖွဲ့ဥက္ကဋ္ဌ ညွန့်ညွန့်(ကလော)နှင့် ပန်းချီဆရာမ မြရည်နန္ဒာတို့က သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြသည်။

အဆိုပါသင်တန်းသို့ ကျောက်တံတားမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ဗိုလ်တထောင်မြို့နယ်အတွင်း ကျောင်းသား၊ ကျောင်းသူ(၃၀)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ တစ်လတာသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)