တောင်ကြီး မတ် ၇
လက်ရှိကမ္ဘာ့နိုင်ငံရေးအခြေအနေများအရ လောင်စာဆီတင်သွင်းသည့် သင်္ဘာများဖြင့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများတွင် ပိတ်ဆို့မှုများဖြစ်ပေါ်လျက်ရှိသည့်အတွက် ရှမ်းပြည်နယ်အတွင်း စက်သုံးဆီခြိုးခြံချွေတာသုံးစွဲရေးနှင့် စက်သုံးဆီများပြတ်လပ်မှုမရှိစေရေး တာဝန်ရှိသူများက စနစ်တကျ စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရှမ်းပြည်နယ် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ရှမ်းပြည်နယ်အတွင်းရှိ ခရိုင်၊ မြို့နယ်များအလိုက် Special Urgent တောင်းခံသည့် ဆိုင်များအား PTSC နှင့် MPTA မှ လိုအပ်သည့် စိစစ်ချက်များအပေါ် လိုက်နာမည့်အချက်များပေးပို့ခြင်း၊ စက်သုံးဆီအရောင်းဆိုင်များတွင် စီတန်းနေသော မိဘပြည်သူတို့ကို မလိုလားအပ်ဘဲ စက်သုံးဆီများ ဝယ်ယူခြင်းမပြုစေရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခြင်း၊ စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုနှင့် စက်သုံးဆီ လက်ကျန်ရှိလျက် မရောင်းပေးပါက အရောင်းအားဆိုင်ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း အသိပေးပြောကြား၍ လိုအပ်သည်များ ပေါင်းစပ်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထက်ဝေ(ပြန်/ဆက်)