ဘားအံမြို့နယ် အိန္ဒုဈေးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်း ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံမြို့၌ မီးဘေးအန္တရာယ်ကင်းဝေးစေရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းများကို နယ်မြေမီးသတ်စခန်းမှ တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်း အိန္ဒုကျေးရွာရှိ အိန္ဒုဈေးတွင် ဆောင်ရွက်ခဲ့ကြကြောင်းသိရှိရသည်။

မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာန၌ အခြေခံပန်းချီပညာသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အခြေခံပညာသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)၌ ဒုတိယအကြိမ် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာ၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)၏ စုပေါင်းသွေးလှူဒါန်းပွဲကို အဆိုပါကျောင်း ဘွဲ့နှင်းသဘင်ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းသို့ ပြောင်းရွှေ့ရောက်ရှိလာသည့် နေရပ်စွန့်ခွာရောက်ရှိလာသူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

တောင်ဥက္ကလာပမြို့နယ်အတွင်းသို့ ဒေသအသီးသီးမှ ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် ထောက်ပံ့ငွေ ပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းသို့ ဒေသအသီးသီးမှ ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အမှတ် (၁၄) ရပ်ကွက် တောင်ဥက္ကလာပမြို့နယ်လုံးဆိုင်ရာ သုံးထပ်‌ဆောင်သာသနာ့ဗိမာန်‌တော်ကြီး၌ ကျင်းပခဲ့သည်။

သာကေတမြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများပေးအပ်ခြင်းကို မတ်လ ၆ ရက်နေ့ နံနက်ပိုင်းက သာကေတမြို့နယ်၊ (၂)တောင်ရပ်ကွက်၊ မြင်တော်သာလမ်း၊ မြို့နယ်ဘောလုံးအားကစားကွင်းအတွင်းရှိ အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဒေးဒရဲမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၌ စက်သုံးဆီများ ပြတ်လပ်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် ပြည်သူများထံသို့ စက်သုံးဆီများ ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည့် စက်သုံးဆီအရောင်းဆိုင်းများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ယမန်နေ့နံနက် (၁၀) နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ်၌ စက်သုံးဆီခြိုးခြံချွေတာသုံးစွဲရေးနိုင်ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၀င်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက စက်သုံးဆီခြိုးခြံချွေတာသုံးစွဲရေးနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ်လ ၆ ရက်နေ့ နေ့လယ် ၃ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

မင်းလှမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ နွေရာသီကွန်ပျူတာသင်တန်း ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းသား၊ သမီးများနှင့် ဝန်ထမ်းမိသားစုဝင်များအား နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ဌာနအစီအစဉ်ဖြင့် ကွန်ပျူတာသင်တန်းဖွင့်ပွဲကို မတ်လ ၆ ရက်နေ့ နံနက်က မင်းလှမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

တောင်ကြီးမြို့တွင် အမှိုက်သိမ်းဆည်းရေးကိစ္စရပ်များနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

ရှမ်းပြည်နယ်အတွင်းရှိ တောင်ကြီးမြို့ သန့်ရှင်းသာယာလှပစေရေးအတွက် တောင်ကြီးမြို့ ကံကြီးရပ်ကွက်ရှိ အမှိုက်ကျင်းဟောင်းအား ပိတ်သိမ်း၍ ဖက်ကွန်ကျေးရွာအုပ်စုရှိ လင်းလေအမှိုက်ကျင်းသစ် အသုံးပြုနိုင်ရေးအတွက် အများပြည်သူကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး၊ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုမရှိစေရေး၊ မြို့သန့်ရှင်းသာယာလှပရေးနှင့် တောင်ကြီးအီကို ပုဂ္ဂလိကအမှိုက်သိမ်းဆည်းရေးကိစ္စရပ်များနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးပွဲကို တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာန အစည်းအဝေးခန်းမ၌ မတ်လ (၇) ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။
Subscribe to