တံတားဦးမြို့နယ်တွင် လစဉ်ပုံမှန်ကာကွယ်ဆေးများအခမဲ့ တိုက်ကျွေးထိုးနှံ 

တံတားဦး မတ် ၆

မန္တလေးတိုင်းဒေသကြီး တံတားဦခရိုင် တံတားဦးမြို့နယ်တွင် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများကမွေးကင်းစအရွယ်မှ အသက်(၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်လောင်းများအား လစဉ်ပုံမှန်ကာကွယ်ဆေး အခမဲ့တိုက်ကျွေးထိုးနှံပေးခြင်းကိုသက်ဆိုင်ရာကျေးလက်ကျန်းမာရေးဌာနများတွင် ဆောင်ရွက်လျက် ရှိကြသည်။

အဆိုပါကာကွယ်ဆေးများတိုက်ကျွေးထိုးနှံပေးခြင်းကိုမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများက ကလေးငယ်များအတွက် ဝက်သက်-ဂျိုက်သိုး၊ ပိုလီယို၊ Penta ငါးမျိုးစပ်၊ ဦးနှောက်တီဘီ၊ ပြင်းထန်အဆုတ်ရောင်ကာကွယ်ဆေးအသစ်(PVC)စသည့် ကာကွယ်ဆေးများနှင့် ကိုယ်ဝန်ဆောင်မိခင်လောင်းများအား မေးခိုင်ရောဂါကာကွယ်ဆေးများတိုက်ကျွေးထိုးနှံပေးခဲ့ကြောင်းသိရသည်။

ရဲတင့်(ပြန်/ဆက်)