မော်လမြိုင်မြို့၌ ကုန်စျေးနှုန်းများ တည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်စည်များ ရောင်းချပေး
မွန်ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ပြည်သူများအတွက် မိမိတို့အလိုရှိရာ စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာနနှင့် ပြည်နယ် ဆန်လုပ်ငန်းရှင်များအသင်း၊ ဆီလုပ်ငန်းရှင်များ အသင်းတို့အပြင် သားငါးဟင်းသီးဟင်းရွက်ဈေးသည်များတို့မှ ပူးပေါင်း၍ ဆန်နှင့် စားသုံးဆီများ၊ အခြေခံစားကုန်များ၊ အသားငါးများနှင့် ဟင်းသီးဟင်းရွက်များအား ဈေးနှုန်းသက်သာစွာဖြင့် ဆက်လက်ရောင်းချပေးလျက်ရှိသည်။