မော်လမြိုင် သြဂုတ် ၂၇
မွန်ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ပြည်သူများအတွက် မိမိတို့အလိုရှိရာ စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာနနှင့် ပြည်နယ် ဆန်လုပ်ငန်းရှင်များအသင်း၊ ဆီလုပ်ငန်းရှင်များ အသင်းတို့အပြင် သားငါးဟင်းသီးဟင်းရွက်ဈေးသည်များတို့မှ ပူးပေါင်း၍ ဆန်နှင့် စားသုံးဆီများ၊ အခြေခံစားကုန်များ၊ အသားငါးများနှင့် ဟင်းသီးဟင်းရွက်များအား ဈေးနှုန်းသက်သာစွာဖြင့် ဆက်လက်ရောင်းချပေးလျက်ရှိသည်။
ယနေ့တွင်လည်း မော်လမြိုင်မြို့၊ သံလွင်စျေးဝန်း၌ ဆန်၊ ဆီ၊ ဆား၊ အသား/ငါး ကြက်ဥ၊ ဟင်းသီးဟင်းရွက်များ၊ ကြက်သွန်နီစသည့် စားသောက်ကုန်များကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် ဆက်လက် ရောင်းချပေးလျက်ရှိသည်။
ထိုသို့ ရောင်းချပေးလျက်ရှိရာ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်း မိသားစုများက တစ်ခဲနက်ဝယ်ယူ အားပေးကြောင်းနှင့် ယခုကဲ့သို့ စားရေးအခက်အခဲဖြစ်ပေါ်နေချိန်တွင် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးမှုအပေါ် တာဝန်ရှိသူများအား အထူးပင်ကျေးဇူးတင်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)