မြောက်ဦး ဩဂုတ် ၂၇
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ လူငယ်များ စာဖတ်စွမ်းရည်တိုးတက်စေရေး၊ ဗလငါးတန်နှင့် ပြည်စုံသော လူငယ်လူရွယ်များ ဖြစ်လာစေရေး၊ လူအများနှင့် ဆွေးနွေးပြောဆိုပြုမူတတ်စေရေး အစရှိသည့်ရည်ရွယ်ချက်များဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က ထမ္မရာဇ်ရပ်ကွက် အ.ထ.က(ခွဲ)လ(၃) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးတင်ရွှေက အဖွင့်အမှာစကား ပြောကြားရာတွင် လူငယ်များအချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အထကောင်းများရရှိစေရန်၊ အနာဂတ်နိုင်ငံတော်ကို ဦးဆောင်မည့် လူငယ်များ ဘက်စုံ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။
လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ အ.ထ.က(ခွဲ) လ(၃) ကျောင်းမှ Grade- 12 ကျောင်းသား မောင်မင်းခန့်နောင်မှ လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသား မောင်နိုင်လင်းထွန်းမှ အမှိူက်များစနစ်တကျ စွန့်ပစ်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-12 ကျောင်းသူ မမီမီလှိုင်မှ လူငယ်တစ်ယောက်၏ ဘဝရည်မှန်းချက် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသူ မစုမြတ်နိုးမှ လူငယ်နှင့်စည်းကမ်း ခေါင်းစဉ်ဖြင့် အသီးသီးဆွေးနွေးကြရာ အခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသား၊ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်ပြပွဲနှင့် မူးယစ်ဆေးဝါးအသိပညာပေး နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
မြင့်စိုး(ပြန်/ဆက်)