ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်အတွင်းရှိ အမှတ် ၅ အခြေခံပညာ အလယ်တန်းကျောင်းနှင့် အမှတ် ၁၅ အခြေခံပညာမူလတန်း ကျောင်းတို့တွင် ဩဂုတ်လ ၂၅ ရက်နေ့က ကျောင်းကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ကြောင်း သတင်းရရှိသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ကျောင်းမုန့်ဈေးတန်းများတွင် အာဟာရပြည့်ဝပြီး အန္တရာယ်ကင်းသော အစားအစာများ ရောင်းချခြင်း ရှိ၊မရှိ စစ်ဆေးခြင်း၊ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေး အသိပညာပေး ဟောပြောခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေး အသိပညာပေးဟောပြောခြင်း ကျန်းမာရေး စစ်ဆေးပေးခြင်း အာဟာရ ကျွေးမွေးခြင်း သွားကျန်းမာရေးနှင့် ပတ်သက်၍ After lunch tooth brushing လုပ်ငန်းများ ဆောင်ရွက်ပေးကြောင်း သိရသည်။