ချီဖွေမြို့နယ်၌ မိုးစပါးအထူးထွက်တိုးစိုက်နည်းစနစ်(စံပြကွက်)စိုက်ခင်း၌ အီးအမ်စူပါဘိုရှီ မြေဩဇာကြဲပတ်ပွဲ ဆောင်ရွက်

ချီဖွေ ဩဂုတ် ၂၇

ကချင်ပြည်နယ်၊ချီဖွေမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးချစ်စမ်းအောင်နှင့်အဖွဲ့ဝင်များ၊  မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်းနိုင်ဦးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ချီဖွေမြို့နယ်၊ ရစ်လော်ရပ်ကွက်ရှိ ကွင်းအမှတ် (OSS-11)၊ တောင်သူ ဦးဒေါင်ဒိုင်၏ မိုးစပါးအထူး ထွက်တိုးစိုက်နည်းစနစ် (စံပြကွက်)စိုက်ခင်း၌ အီးအမ်စူပါဘိုရှီမြေဩဇာကြဲပက်ပွဲ အခမ်းအနားသို့တက်ရောက် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်းနိုင်ဦးက မိုးစပါး ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် စိုက်ပျိုးရေးနည်းပညာများနှင့် မြေဩဇာကို အချိန်ကိုက်၊ အချိုးကျ စနစ်တကျ ထည့်သွင်းနည်းများကို ရှင်းလင်းတင်ပြခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တောင်သူများက မိုးစပါးအထူးထွက်တိုး စိုက်နည်းစနစ် (စံပြကွက်) စိုက်ခင်း၌  မြေဩဇာကြဲပက်‌ခဲ့ကြသည်။

ယော်ကိ(ပြန်/ဆက်)