မချမ်းဘောမြို့နယ်တွင် မိုးစပါးဆင်းဧကရီ-၃ မျိုးစေ့ထုတ် စံပြကွက်အား ဓာတ်မြေသြဇာနှင့် သဘာမြေသြဇာအချိုးကျ ကြဲပက်ပွဲနှင့်သဘာ၀မြေသြဇာပြုလုပ်နည်း နည်းပညာများဖြန့်ဝေ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ပူတာအိုဒေသဝမ်းစာ ဖူလုံရေးအတွက် မိုးစပါးဆင်းဧကရီ-၃ မိုးစပါးမျိုးစေ့ထုတ်စံပြကွက် (၃)ဧကစိုက်ခင်းအား ဓာတ်မြေသြဇာတစ်ဆ+ သဘာဝမြေသြဇာသုံးဆ အချိုးကျကြဲပက်ပွဲကို ယမန်နေ့နံနက် ၁၁ နာရီက အင်ဘူးဘော့ကျေးရွာ တောင်သူ ဦးကကျူးလဂျာ၏ စပါးစိုက်ခင်း၌ ကျင်းပခဲ့သည်။

ဒေးဒရဲမြို့၌ မိုးစပါး ရေတော်မိုးတော် ထွန်တုံးပိတ်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၃- ၂၀၂၄ ခုနှစ် မိုးစပါးလျာထားဧက အပြည့်အဝ စိုက်ပျိုး ပြီစီးခြင်းအဖြစ် မိုးစပါး ရေတော်မိုးတော် ထွန်တုံးပိတ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီက ချောင်းဖျား ကျေးရွာအုပ်စု၊ တောင်သူ ဦးဝင်းမြင့်အောင်၏ လယ်မြေ(၁၀)ဧကတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပျော်ဘွယ်မြို့နယ်၊ လှိုင်းပန်ကျေးရွာ မူလွန်ကျောင်းတွင် ရွှေလှိုင်းဂုဏ်ဆောင် ကျောင်းစာကြည့်တိုက်ဖွင့်ပွဲကျင်းပ

ပျော်ဘွယ်မြို့နယ်၊ လှိုင်းပန်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းအတွင်း ဆောက်လုပ်ခဲ့သည့် ရွှေလှိုင်းဂုဏ်ဆောင် ကျောင်းစာကြည့်တိုက်ဖွင့်ပွဲကို ဩဂုတ်လ(၂၆)ရက်၊ နံနက်(၉)နာရီခွဲက အဆိုပါစာကြည့်တိုက်တွင် ကျင်းပပြုလုပ်သည်။

ကျိုက်လတ်-မော်လမြိုင်ကျွန်း ဆက်သွယ်ထားသည့် အောင်တံခွန်တံတားနိမ့်ကျနေမှုအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ယမန်နေ့နေ့လယ်ပိုင်းက ကျိုက်လတ်-မော်လမြိုင်ကျွန်း ဆက်သွယ်ထားသည့် အောင်တံခွန်တံတားအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ယင်းမာပင်တွင် အသိပညာ​ပေး ဟော​ပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့ ၊ အမှတ်(၂) အ​ခြေခံပညာ အလယ်တန်းကျောင်းခွဲတွင် ယမန်​နေ့ ​နေ့လယ် ၂ နာရီအချိန်က ခရိုင်ပြန်/ဆက်ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နင့် မြို့နယ်ပညာ​ရေးဌာနတို့ပူး​ပေါင်း၍ အသိပညာ​ပေး ​ဟော​ပြောပွဲ၊ စာဖတ်ရှိန်မြှင့်တင်​ရေး နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ခြင်းနှင့် အသိပညာ​ပေး နံရံကပ်စာ​စောင် ပြသခြင်းများ ​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။
Subscribe to