ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ မိုးစပါးအထွက်နှုန်းရရှိရေးအတွက် တောင်သူများအား ဓါတ်မြေသြဇာ ထောက်ပံ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့၊ မိုင်းဇင်းကျေးရွာအုပ်စု၊ တိုးဖြူကျေးရွာတွင် မိုးစပါးပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် ဓါတ်မြေသြဇာထောက်ပံ့ပေးအပ်ပွဲကို သြဂုတ်(၂၄)ရက် နံနက်(၇)နာရီက အဆိုပါ ကျေးရွာ၌ ကျင်းပသည်။

ပေါက်တောမြို့နယ် ပြွန်တိုကျေးရွာ၌ နွေရာသီ ရေရှားပါးမှုအခက်အခဲများကို ကျော်လွှားနိုင်ရန် ရေကန်တူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိ

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ကျေးလက်ဒေသဖွံ့တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ ၁၁ ဒသမ ၈၂၅ သန်း ဖြင့် ကျေးလက်ရေရရှိရေးအတွက် ရေကန်တူးဖော်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။

အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် ပရဟိတဂေဟာများ၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများအား ထောက်ပံ့ငွေပေးအပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေးသူငယ်များအား ထောက်ပံ့ငွေပေးအပ်ခြင်း၊ ပရဟိတဂေဟာများ၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများအား ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များအား ထောက်ပံ့ငွေပေးအပ်ခြင်းကို သြဂုတ်(၂၄)ရက် ညနေ(၃)နာရီက ကျိုင်းတုံမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

ကော့သောင်းမြို့တွင် "မိသားစုဝင်ငွေတိုးရေးစီမံကိန်း" အခြေခံနှင့်မွမ်းမံ သံဂေဟဆက်သင်တန်းဖွင့်ပွဲ အခမ်းအနားပြုလုပ်

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကော့သောင်းခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျင်းပသော အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်း (ခေတ်မီစံပြကျေးရွာဖော်ဆောင်၍ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးရေး) အခြေခံနှင့်မွမ်းမံ သံဂေဟဆက်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ကော့သောင်းမြို့နယ်၊ ရွှေပြည်စိုးကျေးရွာ၊ ဗုဒ္ဓါနုဿတိပရိယတ္တိစာသင်တိုက်တွင် ယမန်နေ့နံနက် (၁၀)နာရီခန့်က ကျင်းပခဲ့ရာ အဆိုပါအခမ်းအနားသို့ ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

တောင်ငူမြို့၌ အမျိုးသမီးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘုရင့်နောင်အစည်းအဝေးခန်းမ၌ ခရိုင်အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတိုင်းရင်းသားဘာသာ စာပေသင် ဆရာ၊ ဆရာမများ အရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲ (၂/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနားတက်ရောက်

တိုင်းရင်းသားဘာသာ စာပေသင် ဆရာ၊ ဆရာမများ အရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲ (၂/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကို သြဂုတ် ၂၅ ရက်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ မော်လမြိုင်ပညာရေးဒီဂရီကောလိပ် ပညာညီလာခန်းမတွင် ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ သင်ကြားရေး ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများတက်ရောက်သည်။

မူဆယ်ခရိုင်၊မုံးကိုးမြို့တွင်နှစ်စဉ်ကျင်းပလျက်ရှိသော ၂၀၂၃ခုနှစ်အုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲအပိတ်ပွဲကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်ခရိုင်၊မုံးကိုးမြို့တွင် နှစ်စဉ်ကျင်းပလျက်ရှိသော ၂၀၂၃ ခုနှစ်၊ အုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲကို ဩဂုတ်လ(၇)ရက်နေ့တွင် စတင်ကျင်းပခဲ့ပြီး ဩဂုတ်လ ၂၄ ရက်နေ့ နေ့လယ် (၃:၀၀) နာရီအချိန်က အပိတ်ပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပဆောင်ရွက်ခဲ့ပါသည်။ 

တိုင်းရင်းသားဘာသာစာပေသင်ကြားရေးအထောက်အကူပြု ဆရာ/ဆရာမများအတွက် ဆရာအတတ်ပညာအရည်အသွေးမြှင့် အထောက်အကူပြုလုပ်ငန်းဆွေးနွေးပွဲ(၂/၂၀၂၃) တက်ရောက်ပြီးမြောက်ကြောင်း လက်မှတ်အပ်နှင်းပွဲအခမ်းအနားကျင်းပ

တိုင်းရင်းသားဘာသာစာပေသင်ကြားရေးအထောက်အကူပြု ဆရာ/ဆရာမများအတွက် ဆရာ အတတ်ပညာအရည်အသွေးမြှင့် အထောက်အကူပြုလုပ်ငန်းဆွေးနွေးပွဲ(၂/၂၀၂၃) တက်ရောက်ပြီး မြောက်ကြောင်း လက်မှတ်အပ်နှင်းပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီအချိန်က မကွေးပညာရေး ဒီဂရီကောလိပ်၊ ပညာ့ဗိမာန်ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ရာ မကွေးမြို့ရှိ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း ကျောင်းအုပ်ကြီးနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မကွေးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မြင့်လှိုင်နှင့် သင်တန်းသား/သင်တန်းသူ ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြသည်။
Subscribe to