ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံး( Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးနှင့် စာအုပ်စာ‌စောင်ချစ်မြတ်နိုးသူများအသင်း(Book Club)တို့ပူးပေါင်းကာ စာရေးဆရာမခင်စောတင့်ရေးသားသည့် “စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့်အတွေးအမြင်စာစုများ”စာအုပ်ဖြင့် အပြန်အလှန်ဆွေးနွေးသည့် စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ်(၁း၀၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံး( Community Centre)ခန်းမ၌ ပြုလုပ်ခဲ့သည်။

နတ်မောက်မြို့နယ်၌ မိုးချည်မျှင်ရှည်ဝါ(ရွှေတောင်-၈) စိုက်ပျိုးမှု ဖြစ်ထွန်းအောင်မြင်

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ တောင်သူလယ်သမားကြီးများသည် မိုးချည်မျှင်ရှည်ဝါသီးနှံများ စိုက်ပျိုးခဲ့ရာ ချည်မျှင်ရှည်ဝါများ(ရွှေတောင်-၈) စိုက်ပျိုးမှု ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း သိရသည်။

ကွတ်ခိုင်မြို့တွင် Mobile Library စနစ်ဖြင့် ဌာနဆိုင်ရာရုံးများသို့ စာအုပ်၊ စာစောင်များငှားရမ်းပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက Mobile Library စနစ်ဖြင့် ယမန်နေ့နံနက်(၁၁:၀၀)နာရီအချိန်တွင် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများသို့ သွားရောက်၍ စာအုပ်၊ စာစောင်များကို ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဂျီအီးစီ(ပညာရေး)သမဝါယမအသင်းလီမိတက်၏ (၂၀၂၂- ၂၀၂၃)  ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဂျီအီးစီ(ပညာရေး)သမဝါယမအသင်းလီမိတက်၏  ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို  ယမန်နေ့ နံနက် ၁၀ နာရီက ဂျီအီးစီ(ပညာရေး)သမဝါယမအသင်းလီမိတက်ရုံးခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

မန့်ဟီးရိုးမြို့၊ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပြီးစီး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင် အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေးကို ယမန်နေ့ နံနက်(၁၀:၀၀)အချိန်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အစည်းအဝေးခန်းမတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ်၌ တိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သည့် ရောဂါများအား ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးဌာနရုံးနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးတို့၌ တိရစ္ဆာန်များတွင်ဖြစ်ပွားတတ်သည့် ရောဂါများအား ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အစည်းအဝေးကျင်းပခဲ့ကြောင်း သိရသည်။

စလင်းမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် မြို့နယ်အဆင့်၊ နိုင်ငံတစ်ကာစာတတ်မြောက်ရေးနေ့ အကြိုစာစီစာကုံး၊ ကဗျာ၊ ပိုစတာ၊ ကာတွန်း၊ ပန်းချီ၊ ဆောင်းပါးပြိုင်ပွဲများ ကျင်းပ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် မြို့နယ်အဆင့် နိုင်ငံတစ်ကာစာတတ်မြောက်ရေးနေ့အကြို စာစီစာကုံး၊ ကဗျာ၊ ပိုစတာ၊ ကာတွန်း၊ ပန်းချီဆောင်းပါးပြိုင်ပွဲများကို ယနေ့နံနက်(၉)နာရီအချိန်က အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့်များခွဲ၍ ပြိုင်ပွဲကို ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

နောင်ချိုမြို့ သဖန်းကိုင်းပရဟိတ အကယ်ဒမီဝိပဿနာ ဓမ္မရိပ်သာတွင် မဟာသတိပဋ္ဌာန် မိုးကုတ်ဝိပဿနာ(၅)ရက် တရားစခန်းဖွင့်လှစ်သွားမည်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့ သဖန်းကိုင်းပရဟိတ အကယ်ဒမီ ဝိပဿနာဓမ္မရိပ်သာတွင် မဟာသတိပဋ္ဌာန် မိုးကုတ်ဝိပဿနာ(၅)ရက် တရားစခန်းဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သဖန်းကိုင်းပရဟိတ ဆရာတော်ထံမှ သိရသည်။

ပန်ဆိုင်း(ကြူကုတ်)မြို့၊ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်) အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးကို ယနေ့နံနက် (၉:၃၀)အချိန်က အခြေခံပညာအထက်တန်းကျောင်းတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

မိုင်းတုံမြို့၊ အမကပိန်းမုံစာသင်‌ကျောင်း၌ ကိုဗစ်-၁၉ ရာဂါ ကာကွယ်ဆေးထိုးနှံပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ် ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့မှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Booster) ထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀နာရီအချိန် မှ ၁၆း၀၀ နာရီအချိန်ထိ အမကပိန်းမုံစာသင်‌ကျောင်းတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
Subscribe to