ပခုက္ကူ ဩဂုတ် ၂၇
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်သင်ပညာဦးစီးဌာန၊ ပခုက္ကူပညာရေးဒီဂရီကောလိပ်၌ မူပိုင်ခွင့်ဆိုင်ရာအသိပညာ ပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါကောလိပ်၊ မဟာသရေစည်သူဦးဘခန်းမ၌ ကျင်းပသည်။
ပထမဦးစွာ ပခုက္ကူပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်မြင့်မြင့်သန်းက ဟောပြောပွဲကျင်းပရခြင်း ရည်ရွယ်ချက်များအကြောင်း ရှင်းလင်းပြောကြားပြီး ပခုက္ကူခရိုင်စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်က စားသုံးသူရေးရာဆိုင်ရာ မူပိုင်ခွင့်ဆိုင်ရာမူဝါဒများ၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေနှင့် ကုန်အမှတ်တံဆိပ်ဆိုင်ရာ သိကောင်းစရာများအကြောင်း၊ ပခုက္ကူခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်နွယ်နွယ်အေးက စားသုံးသူ အခွင့်အရေးနှင့်တာဝန်များအကြောင်းတို့ကို အသိပညာပေးဟောပြောကြသည်။
ထို့နောက် ပခုက္ကူပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးနှင့်ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)