၂၀၂၃-၂၀၂၄ မိုး၊မိုးနှောင်းချည်မျှင်ရှည်ဝါ စိုက်နည်းစနစ် ကွင်းသရုပ်ပြပွဲ ကျင်းပ
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဝါလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ဥဇဘတ်ကစ္စတန်နိုင်ငံမှ ဝါမျိုးသစ်(၈)မျိုးနှင့် ဒေသမျိုးရွှေတောင်(၁၀)၊ စုစုပေါင်း(၉)မျိုး စိုက်စနစ်ကွင်း သရုပ်ပြပွဲကို မြစ်သားမြို့နယ် ကုက္ကိုစုကျေးရွာအုပ်စု၊ ကွင်းအမှတ် (၅၂၁)၊ဦးပိုင် အမှတ်(၁၀၀)ရှိတောင်သူ ဦးအောင်မြင့်၏ ဝါစိုက်ခင်း ( ၃ )ဧက စိုက်ခင်းတွင် ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။