မုဒုံ သြဂုတ် ၂၇
မွန်ပြည်နယ်၊ မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/သူ လူငယ်လူရွယ်များ အသိပညာဗဟုသုတများပြည့်စုံပြီး ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လူငယ်စကားဝိုင်းကို ယမန်နေ့က အ.ထ.က (ခွဲ) ကော့ခပုံစာသင်ကျောင်းခန်းမ၌ ကျင်းပသည်။
လူငယ်စကားဝိုင်းတွင် ကျောင်းအုပ်ဆရာမကြီးက အမှာစကားပြောကြားပြီး မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက ကျောင်းသားလူငယ်များ အသိပညာဗဟုသုတများတိုးပွားစေပြီး ပြန်လည်မျှဝေပေးနိုင်ရန်၊ ကျောင်းသား/သူအချင်းချင်း စည်းလုံးညီညွတ်၍ ချစ်ခင်ရင်းနှီးမှုကို ပိုမိုရရှိစေရန်နှင့် ပူးပေါင်းဆောင်ရွက်တက်သည့် အလေ့အထကောင်းများရရှိစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဦးဆောင်ဆွေးနွေးသူအဖြစ် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက ဆောင်ရွက်ပေးခဲ့ပြီး မခင်မိုးမိုးစံ (Grade- 11) က လူငယ်နှင့် ယဥ်ကျေးမှုတန်ဖိုး၊ မောင်ရှိုင်းပြည့်စုံအောင် (Grade-11)က လူငယ်နှင့်ပညာရေး၊ မောင်ကောင်းမြတ်(Grade-11)က လူငယ်နှင့်ကျန်းမာရေး၊ မဇင်ထက်ဦး(Grade-11)က လူငယ်နှင့်စာဖတ်ခြင်းအကျိုးကျေးဇူး၊ မောင်နွေဦး (Grade-11) က လူငယ်နှင့်နည်းပညာခေါင်းစဥ်တို့ဖြင့် အသီးသီး ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ကျောင်းသား/သူ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
သားငယ်(ပြန်/ဆက်)