စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ကလေးမြို့တွင်းရှိ ကတ္တရာလမ်း ၅ လမ်းနှင့် ကွန်ကရစ်တံတား ၂ စင်း ဖွင့်ပွဲအခမ်းအနားတက်ရောက်ခြင်းနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ချမ်းမြေ့အောင်စည်လမ်း၊ ပိတောက်မြိုင်လမ်း၊ စံပယ်ဖြူလမ်း၊ မိုက်ကယ်လမ်း၊ ရွှေတောင်ကြားလမ်းနှင့် ဥပုသ်ချောင်းတံတား၊ ပိတောက်မြိုင် ကတ္တရာလမ်းများ ဖွင့်ပွဲအခမ်းအနား သြဂုတ်လ ၂၅ ရက်၊ မွန်းလွဲပိုင်း တွင်ကလေးမြို့၊ ချမ်းမြေ့ အောင်စည်ရပ်ကွက်ရှိ အဆိုပါလမ်းဖွင့်ပွဲမုဒ်ဦးရှေ့တွင် ကျင်းပရာအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ကလေးတပ်နယ်မှ ဗိုလ်မှူးချုပ် အောင်နိုင်ဦး၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဝန်ထမ်းများနှင့် ရပ်ကွက်နေသူများ တက်ရောက်ကြသည်။