သနပ်ပင် ဩဂုတ် ၂၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူခရိုင်၊ သနပ်ပင်မြို့နယ်၌ မွေမြေူးရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ ရက်သတ္တပတ်အဖြစ် ထပ်ခနိမ့်ကျေးရွာရှိ တိရစ္ဆာန်များအား ယမန့်နေ့ နံနက်ပိုင်းက ကာကွယ်ဆေးလိုက်လံထိုးနှံပေးခဲ့သည်။
အဆိုပါ လုပ်ငန်းများကို သနပ်ပင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာအေးအေးအောင်နှင့် ဝန်ထမ်းများက ကျေးရွာအတွင်းရှိ တိရစ္ဆာန်များ၌ ဖြစ်ပွားတတ်သော ရောဂါများ အသိပညာပေး ပြောကြားကာ နွားများဒေါင့်သန်းရောဂါ၊ ပေါင်ပုပ်လက်ပုပ်ရောဂါ၊ လည်ချောင်းကွဲရောဂါ၊ ကျွဲ၊ နွား၊ ဝက် များအား ကာကွယ် ဆေးထိုးနှံပေး၍ မွေးမြူရေးခြံများအား ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ဝက်များအား အခမဲ့ ဆေးကုသခြင်းများဆောင်ရွက်ခဲ့သည်။
သနပ်ပင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် တိရစ္ဆာန်များတွင် ဖြစ်တတ်သော ရောဂါများမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် (၁၅.၈.၂၀၂၃) ရက်နေ့မှ (၃၀.၈.၂၀၂၃) ရက်နေ့ အထိ တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှုရက်သတ္တပတ်အဖြစ် ခွာနာလျှာနာရောဂါ၊ အရေပြား အကျိတ်နာနှင့် အာဖရိကဝက်အပြင်းဖျားရောဂါ၊ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လုပ်ငန်းများအား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လှမိုး(ပြန်/ဆက်)