နတ်မောက်မြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UIDကတ်ထုတ်ပေးခြင်းများ ဆောင်ရွက်ပေး

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ထုတ်ပေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးတွင် ဆောင်ရွက်ခဲ့ကြသည်။

၂၀၂၆ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ရိုးရာလက်ဝှေ့ပြိုင်ပွဲ ကျင်းပ

၂၀၂၆ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ရိုးရာလက်ဝှေ့ပြိုင်ပွဲ ဒုတိယနေ့ ယှဉ်ပြိုင်နေမှုကို ယမန်နေ့ ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ သိမ်ဖြူ အားကစားခန်းမတွင် ကျင်းပသည်။

နေပြည်တော်ကောင်စီရုံးမှ ဝန်ထမ်းသား/သမီး များအား ပညာသင်စရိတ်နှင့် ကျောင်းသုံးပစ္စည်းများ ချီးမြှင့်ပေးအပ် 

၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊  နေပြည်တော်ကောင်စီရုံးမှ ဝန်ထမ်း သား/သမီးများအား ပညာသင်စရိတ်နှင့် ကျောင်းသုံးပစ္စည်းများ ချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ယူရီးယားမြေဩဇာများ မိုးကောင်းမြို့နယ်သို့ရောက်ရှိ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ Dr Fasal Urea နိုက်ထရိတ် ၄၆ ရာခိုင်နှုန်းတံဆိပ်ပါ ယူရီးယားမြေဩဇာများသယ်‌လာသည့် တပ်မတော်ယာဉ်တန်းများ မိုးကောင်းမြို့နယ်သို့ ယမန်နေ့ ညနေပိုင်းတွင်ရောက်ရှိကြောင်း သိရသည်။

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (သတ္တမနေ့)ကျင်းပ

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (သတ္တမနေ့)ကို ယမန်နေ့ နံနက် (၁၀) နာရီက တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

တိုင်း‌ဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ဧရာဝတီတိုင်းဒေသကြီး MSME အေဂျင်စီနှင့် လုပ်ငန်းရှင်များတွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး MSME အေဂျင်စီနှင့် လုပ်ငန်းရှင်များတွေ့ဆုံပွဲအခမ်းအနားကို ဇွန် ၁၂ ရက်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင်ပြုလုပ်ခဲ့သည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပွဲသို့ တက်ရောက်

၂၀၂၆ ခုနှစ် ၊ မိုးရာသီသစ်ပင်စိုက်ပွဲနှင့် ၂၀၂၆ ခုနှစ် ၊ ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသည့် သစ်ပင်စိုက်ပျိုးပွဲကို  ဇွန်လ ၁၃ ရက် နံနက် ၉ နာရီက ဟားခါးမြို့၊ အမှတ် (၂) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်း ကျောင်းဝန်း၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် / ခရိုင် / မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ချင်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ပြည်သူ့အကျိုးပြုဆောင်ရွက်ချက် ရက်(၁၀၀)စီမံချက်ဖြင့် ဟားခါးမြို့နေပြည်သူများနှင့် နေရပ်ရှောင်ပြည်သူများအား အခမဲ့ကွင်းဆင်းဆေးကုသပေးခြင်း ဆောင်ရွက်နေမှုအား ပြည်နယ်လူမှုရေးရာ ဝန်ကြီး ဦးစိန်ထွန်းလှ၊ ကြည့်ရှုအားပေး

ကျန်းမာရေးဝန်ကြီးဌာန၏ ပြည်သူ့အကျိုးပြုဆောင်ရွက်ချက် ရက်(၁၀၀)လုပ်ငန်း စီမံချက်အရ ချင်းပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှု၊ ချင်းပြည်နယ်ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူး၏ ဦးဆောင်မှုဖြင့် ဟားခါးမြို့နေပြည်သူများနှင့် နေရပ်ရှောင်ပြည်သူများအား အခမဲ့ကွင်းဆင်းဆေးကုသပေးခြင်းဆောင်ရွက်မှုအား ဟားခါးမြန်မာနှစ်ခြင်းအသင်းတော် သာသနာခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီတွင် ဆောင်ရွက်ရာ ချင်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးစိန်ထွန်းလှ၊ ပြည်နယ်စာရင်းစစ်ချုပ် ဦးမောင်မောင်ခင်တို့က သွားရောက် ကြည့်ရှုအားပေးသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း ၂ဝ၂၆ ခုနှစ်၊ မိုးရာသီ ပထမအကြိမ် သစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနား တက်ရောက်

မွန်ပြည်နယ်အတွင်း သစ်ပင်သစ်တောများဖြင့် စိမ်းလန်းစိုပြည်စေရေးနှင့် ရာသီဥတု ပြောင်းလဲမှု ကာကွယ်နိုင်ရေးအတွက် ၂ဝ၂၆ ခုနှစ်၊ မိုးရာသီ ပထမအကြိမ် သစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်၊ တက္ကသိုလ်(၁ဝ) မြို့နယ်ဆောင်အဝင်လမ်းတွင် ကျင်းပကြောင်း သိရသည်။

မကွေးတိုင်းဝန်ကြီးချုပ် ဦးတင်ကိုကို ၂၀၂၆ ခုနှစ် မိုးရာသီ (ပထမ)အကြိမ် သစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနား တက်ရောက်

သစ်ပင်သစ်တောများသည် လူသားများအပါအဝင် သက်ရှိအားလုံး ရှင်သန်ရပ်တည်နေထိုင်နိုင်ရေး၊ သစ်ပင်သစ်တောများ မပြုန်းတီးစေရေးနှင့် သစ်တော၊သစ်ပင်များ တိုးပွားရှင်သန်စေရန် ရည်ရွယ်၍  ၂၀၂၆ ခုနှစ်၊ မိုးရာသီ(ပထမ)အကြိမ် သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် (၇)နာရီခွဲက မကွေးမြို့၊ မကွေးတက္ကသိုလ်ဝန်းအတွင်း  ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ နယ်မြေခံတပ်နယ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နာယကနှင့် အဖွဲဝင်များ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အမျိုးသမီး ရေးရာနှင့်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊‌ ကျောင်းသား /သူများ၊ ဒေသခံပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
Subscribe to