ရေတာရှည်မြို့နယ် ကျောင်းတွင်းဒီဇင်ဘာလအားကစားပြိုင်ပွဲများ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ဖွံ့ဖြိုးစေရန် ရည်ရွယ်၍ ဒီဇင်ဘာလ အားကစားပြိုင်ပွဲများကို အမှတ် (၄) ရပ်ကွက် အ.လ.ကခွဲကျောင်းတွင် ယနေ့နံနက် (၉)နာရီမှစတင်၍ ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကာလိမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဦးစီးဌာနမှ မြေပြင်ကွင်းဆင်း စစ်ဆေး

ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် ပြည်သူများ မီးဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ရှိ မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းမျာက မြို့ပေါ်ရပ်ကွက်များတွင် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။

ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ အမြဲမပြတ်လေ့လာသင်ယူရေးလှုပ်ရှားမှု စာဖတ်ဝိုင်းဆွေးနွေးကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ လူထုအခြေပြုဗဟိုဌာနတွင် အမြဲမပြတ်လေ့လာသင်ယူရေးလှုပ်ရှားမှု စာဖတ်ဝိုင်းဆွေးနွေးခြင်းအဖြစ် စာရေးဆရာနန္ဒ ရေးသားသည့် “ငါ့ဓား၊ငါ့သွေး၊ ငါ့ဧရာဝတီ” စာအုပ်စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မကွေးမြို့နယ်၌ မဲရုံများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ မီးလောင်မှုမဖြစ်ပွားစေရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မဲရုံများနှင့် မဲရုံပတ်ဝန်းကျင်များအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်သည်။

ရပ်စောက်မြို့၊ မြို့မဈေးအတွင်း၌ ‌မီးဘေးကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် မြို့မဈေးအတွင်း၌ မီးငြှိမ်းသတ်နိုင်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၁၁ နာရီက ရပ်စောက်မြို့၊ မြို့မဈေးအတွင်းတွင် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများ၊ ဈေးသူ/ဈေးသားများ စုပေါင်း၍ ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။

စဉ့်ကိုင်မြို့နယ်၌ အဓိကသီးနှံမျိုးများ ပန်းတိုင်အထွက်နှုန်းမရရှိခြင်း အကြောင်းအရင်းများ တောင်သူတစ်ဦးချင်းစီ စစ်တမ်းကောက်ယူ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တောင်သူများ၏ မျိုး၊ မြေ၊ ရေ၊ နည်း နည်းပညာ လိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောာင်ရွက်ပေးနိုင်ရန်ရည်ရွယ်၍ ဒီဇင်ဘာလ ၁၆ ရက်နေ့နှင့် ၁၇ ရက်နေ့တို့တွင် စဉ့်ကိုင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျေးရွာများအရောက် တောင်သူများထံ မြေပြင်ကွင်းဆင်း စစ်တမ်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နောင်တရားမြို့ ရေရှည်တည်တံ့သော အစားထိုးအသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေးစီမံကိန်းသို့ တရုတ်နိုင်ငံ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးကော်မရှင်(NNCC) ဒုတိယအတွင်းရေးမှူးချုပ် Mr. ZHAO Zhongchen လာရောက်လေ့လာ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် လွယ်မောကျေးရွာအုပ်စု၊ စိန်ပန်းကျေးရွာ၌ မယ့်ဖားလုံဖောင်ဒေးရှင်းမှ ရေရှည်တည်တံ့သော အစားထိုးအသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးရေးစီမံကိန်းအဖြစ်ဆောင်ရွက်နေသည့် ကော်ဖီစိုက်ပျိုးရေးခြံသို့ မြန်မာနိုင်ငံမူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့(CCDAC) တွဲဖက်အတွင်းရေးမှူး ရဲမှူးချုပ် သန့်လွင်မောင်နှင့် တရုတ်နိုင်ငံ အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးကော်မရှင်(NNCC) ဒုတိယအတွင်းရေးမှူးချုပ် Mr. ZHAO Zhongchen နှင့် အဖွဲ့ဝင်များ ယနေ့နံနက်ပိုင်းတွင်း လာရောက်လေ့လာသည်။

ကွန်ဟိန်းမြို့၌ “ဒို့အတူတူ မဲပေးကြမယ်”လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိစေရန်နှင့် မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရန်ရည်ရွယ်၍ "ဒို့အတူတူ မဲပေးကြမယ်"လက်ကမ်းစာစောင်များကို ယနေ့ နံနက် (၇)နာရီက စုပေါင်းတံတားဂိတ်တွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။ 

မူဆယ်မြို့တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ယမန်နေ့ ညနေ ၃ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များရှိ အလုပ်သမားအများစုရှိသော နေရာများသို့ ကွင်းဆင်း၍ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ငါးသိုင်းချောင်းမြို့တွင် မဲရုံအဖြစ်အသုံးပြုမည့် အဆောက်အအုံများ မီးဘေးလုံခြုံရေး တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံအဖြစ်အသုံးပြုမည့် စာသင်ကျောင်းများနှင့်အဆောက်အအုံများ မီးဘေးလုံခြုံရေးအတွက် မီးဘေးအသိပညာပေးခြင်းနှင့် လိုက်လံကွင်းဆင်းစစ်ဆေးခြင်းများကို ယနေ့နံနက် (၉) နာရီအချိန်ကစတင်၍ စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Subscribe to