ပြည်သူ့အကျိုးပြုဆောင်ရွက်ချက် ရက်(၁၀၀)စီမံချက်ဖြင့် ဟားခါးမြို့နေပြည်သူများနှင့် နေရပ်ရှောင်ပြည်သူများအား အခမဲ့ကွင်းဆင်းဆေးကုသပေးခြင်း ဆောင်ရွက်နေမှုအား ပြည်နယ်လူမှုရေးရာ ဝန်ကြီး ဦးစိန်ထွန်းလှ၊ ကြည့်ရှုအားပေး

ဟားခါး ဇွန် ၁၄

ကျန်းမာရေးဝန်ကြီးဌာန၏ ပြည်သူ့အကျိုးပြုဆောင်ရွက်ချက် ရက်(၁၀၀)လုပ်ငန်း စီမံချက်အရ ချင်းပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှု၊ ချင်းပြည်နယ်ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူး၏ ဦးဆောင်မှုဖြင့် ဟားခါးမြို့နေပြည်သူများနှင့် နေရပ်ရှောင်ပြည်သူများအား အခမဲ့ကွင်းဆင်းဆေးကုသပေးခြင်းဆောင်ရွက်မှုအား ဟားခါးမြန်မာနှစ်ခြင်းအသင်းတော် သာသနာခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီတွင် ဆောင်ရွက်ရာ ချင်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးစိန်ထွန်းလှ၊ ပြည်နယ်စာရင်းစစ်ချုပ် ဦးမောင်မောင်ခင်တို့က သွားရောက် ကြည့်ရှုအားပေးသည်။

ကွင်းဆင်းဆေးကုသခြင်းဆောင်ရွက်ရာတွင် ချင်းပြည်နယ်ပြည်သူ့ကျန်းမာရေး/ကုသရေး ဦးစီးဌာနမှူး၊ ဒေါက်တာချမ်းငြိမ်းမောင်၏ဦးဆောင်မှုဖြင့် ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဟိဏ်းထက်စိုး၊ အထူးကုဆရာဝန်(ဆေးပညာ)၊ အထူးကုဆရာဝန်(ခွဲစိတ်)၊ အထူးကုဆရာဝန်(သားဖွား/မီးယပ်)၊ အထူးကုဆရာဝန်(အရိုး/အကြော)၊ အထူးကုဆရာဝန်(ကလေး)တို့က ဟားခါးမြို့နေပြည်သူများနှင့် နေရပ်ရှောင်ပြည်သူများအား အခမဲ့ကွင်းဆင်းဆေးကုသပေးခဲ့ပြီး ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစိန်ထွန်းလှက ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးနေမှုနှင့်  ကျန်းမာရေးစစ်ဆေးမှုခံယူနေသည့် နေရပ်ရှောင်ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးခဲ့ကြောင်း သိရှိရသည်။

ခရိုင်ပြန်/ဆက်