စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး ၂၀၂၆ ခုနှစ်၊ မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား ကတ်ရောက်

“နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းကြစို့” ဆိုသည့် နိုင်ငံတော်၏ မူဝါဒနှင့်အညီ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်သာယာလှပရေး၊ ဂေဟစနစ်ကောင်းမွန်မျှတစေရေး၊ သဘာဝဘေးအန္တရာယ်များမှတားဆီးကာကွယ်နိုင်ရေး၊ ရာသီဥတုမျှတကောင်းမွန်စေရေးစသည့် ရည်ရွယ်ချက်ကောင်းများဖြင့် နိုင်ငံတော်မှဦးဆောင်၍ ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် သစ်ပင်စိုက်ပျိုးပွဲတော်များအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မုံရွာတက္ကသိုလ်ကျောင်းဝန်းအတွင်း၌ ၂၀၂၆-ခုနှစ်၊ မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနား ကို ကျင်းပပြုလုပ်သည်။

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် မြိတ်မြို့ ကမ်းနားလမ်းတိုးချဲ့ခြင်းနှင့် ဆက်စပ်မြို့ကွက်သစ်ဖော်ဆောင်ရေး အဆိုပြုလုပ်ငန်းကြည့်ရှုပြီး ဥစားကြက်မွေးမြူရေးခြံကြည့်ရှု၍ လုပ်ငန်းပြန်လည်အကောင်အထည်ဖော်နိုင်ရန်တိုက်တွန်း

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦး သည် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ  ဇွန်(၁‌၃)ရက် နံနက်ပိုင်းက မြိတ်မြို့ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လျာထားစီမံကိန်းနှင့် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများ၊ ကမ်းနားလမ်းတိုးချဲ့ ဆောင်ရွက်မည့်အဆိုပြုပုံစံနှင့် ဆက်စပ်မြို့ကွက်သစ်ဖော်ဆောင်ရေး အဆိုပြုလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုသည်။

မြိုင်ကလေးအမှတ်(၂) ဘိလပ်မြေစက်ရုံတန်(၄၀၀၀)၌ မိုးရာသီ(အကြို) သစ်ပင်စိုက်ပွဲဖြင့် ကြီးမြန်သစ်မျိုး ၁၂၀၀ ပင် စိုက်ပျိုး

ကရင်ပြည်နယ်သစ်တောဦးစီးဌာနအနေဖြင့် ယခုနှစ်မိုးရာသီတွင် ဖြန့်ဝေစိုက်ပျိုးရန်အတွက် ကျွန်းနှင့်သစ်မာမျိုးစုံ ၂၁၅၀၀၀ (နှစ်သိန်းတစ်သောင်းငါးထောင်) ပင်ကို ပျိုးထောင်ထားရှိပြီး ဇွန်လ ၁၃ ရက်နေ့ နံနက်ပိုင်းက မိုးရာသီ(အကြို) သစ်ပင်စိုက်ပွဲအနေဖြင့် ဘားအံမြို့နယ်၊ မြိုင်ကလေး အမှတ်(၂) ဘိလပ်မြေစက်ရုံ တန်(၄၀၀၀)၌ ကြီးမြန်သစ်မျိုး ၁၂၀၀ (တစ်ထောင့်နှစ်ရာ)ပင်ကို လူထုလှုပ်ရှားမှုအသွင်ဖြင့် စိုက်ပျိုးခဲ့ကြသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း ရေကြီးရေလျှံမှုလျော့နည်းသက်သာစေရေး လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဝက်မွေးမြူထားရှိမှုအခြေအနေများအားကြည့်ရှုစစ်ဆေး၊ ရေပြင်ကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင်းခြင်း အခမ်းအနားသို့ တက်ရောက်

‌နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းတွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ဇေယျာသီရိမြို့နယ်၊ နရဘန်ချောင်းအား သက်နှင်းအင်းကျေးရွာမှ ပေါင်းလောင်းတမံသွားသည့်လမ်းအထိ ချောင်းချဲ့ထွင်တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏တင်ပြချက်များအပေါ်လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်း အပြီးဆောင်ရွက်ရန်နှင့် လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့သည်။

မြစ်ကြီးနားမြို့သို့ နိုင်ငံတော်အစိုးရအဖွဲ့အစီအစဉ်ဖြင့် စားသောက်ကုန်ပစ္စည်းများ၊ စိုက်ပျိုးရေးသုံးဓာတ်မြေသြဇာအိတ်များနှင့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်များ ပေးပို့လာသည့် မော်တော်ယာဉ်များ တတိယအကြိမ် ထပ်မံရောက်ရှိ

မန္တလေး-ထီးချိုင့်-ကသာ-မိုးညှင်း-မြစ်ကြီးနားဆက်သွယ်‌ရေးလမ်းကြောင်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်သဖြင့် နိုင်ငံတော်အစိုးရအဖွဲ့အစီအစဉ်ဖြင့်ပေးပို့ခဲ့သည့် စားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ၊ စိုက်ပျိုးရေးသုံးဓာတ်မြေသြဇာအိတ်များနှင့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ တပ်မတော်သားများနှင့် မိသားစုဝင်များအတွက် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်များသည် ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက တတိယအကြိမ်အဖြစ် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့ရောက်ရှိလာခဲ့ရာ မြို့ဝင်မုဒ်ဦး၌ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက အောင်သပြေပန်းများ၊ အိုးစည် ဒိုးပတ်များဖြင့် လှိုက်လှဲဝမ်းမြောက်စွာ ကြိုဆိုခဲ့ကြသည်။

ကျောက်တံတားမြို့နယ်၌ ကြိုးလေးတစ်မျှင် ဆောင်းပါးဝတ္တုများစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအဖွဲ့တို့ပူးပေါင်း၍ စာရေးဆရာမ ခြယ်မှုန်းသီ၏ ကြိုးလေးတစ်မျှင်နှင့် ဘာသာပြန်ဆောင်းပါးဝတ္ထုများစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ဇွန် ၁၁ ရက်နေ့နံနက် ၁၀ နာရီအချိန်က ကျောက်တံတားမြို့နယ်ရုံး၊ ပညာအလင်းခေတ်မီစာကြည့်တိုက်၌ ကျင်းပသည်။

မြစ်သားမြို့နယ်တွင် နွားကူးကြီးကျေးရွာအနီး ပန်းလောင်မြစ်အတွင်းသို့ ငါးသားပေါက်ကောင်ရေ သုံးသိန်း ငါးမျိုးစိုက်ထည့်ပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ နွားကူးကြီးကျေးရွာအုပ်စု၊ မောင်းကွေးကျေးရွာအနီးရှိ ပန်းလောင်မြစ်အတွင်းသို့ ငါးသားပေါက်ကောင်ရေသုံးသိန်း ငါးမျိုးစိုက်ထည့်ပေးခြင်းကို ယမန်နေ့ နံနက် ၇ နာရီအချိန်က  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနမှ  ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။

သဲကုန်းမြို့နယ်တွင် စိတ်အပန်းဖြေခြင်းဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုများနှင့် စိတ်ပိုင်းဆိုင်ရာအားပေးကူညီမှု အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)မှကြီးမှူး၍ စိတ်အပန်းဖြေခြင်းဆိုင်ရာလှုပ်ရှားဆောင်ရွက်မှုများနှင့် စိတ်ပိုင်းဆိုင်ရာအားပေးကူညီမှု အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့က အခြေခံပညာအထက်တန်းကျောင်း (ဆင်မြီးဆွဲ)၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျိုင်းတုံမြို့၌ မြို့နယ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့တို့ ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပ

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပသည်။

လဲချားမြို့တွင် ၁၁ ကေဗွီ ဓာတ်အားလိုင်းထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်ဧရိယာအတွင်း ဓာတ်အားပြတ်တောက်မှုလျော့နည်းစေရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ဓာတ်အားလိုင်းများတစ်လျှောက် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ၊ ချုံနွယ်များ၊ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ဇွန် ၁၃ရက်တွင် ၁၁ ကေဗွီ ဓာတ်အားလိုင်း ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်သဖြင့် ယနေ့ နံနက် ၈ နာရီမှ မွန်းလွဲ ၁ နာရီထိ လဲချားမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာ ဓာတ်အားယာယီပြတ်တောက်နေမည်ဖြစ်ကြောင်း၊ ဓာတ်အားပျက်ဧရိယာများရှိ အစိုးရရုံးဌာနများနှင့် အများပြည်သူဆိုင်ရာနေရာများကို ကြိုတင်အသိပေးထားပြီဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
Subscribe to