ကချင်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး မြစ်ကြီးနားမြို့၌ စက်သုံးဆီကိုင်တွယ်ထိန်းသိမ်းနည်းသင်တန်းဆင်းပွဲ (၂/၂၀၂၆)သို့ တက်ရောက်

စက်သုံးဆီအရောင်းဆိုင်များတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအား စက်သုံးဆီများ စနစ်တကျကိုင်တွယ်ထိန်းသိမ်း တတ်စေရန်ရည်ရွယ် ဖွင့်လှစ်ခဲ့သော စက်သုံးဆီကိုင်တွယ် ထိန်းသိမ်းနည်းသင်တန်းဆင်းပွဲ (၂/၂၀၂၆) ကို ယနေ့ မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့ရှိ ရေနံထွက်ပစ္စည်းကြီးကြပ် စစ်ဆေးရေးဦးစီးဌာန၊ ကချင်ပြည်နယ် ကြီးကြပ်စစ်ဆေးရေးရုံး ခန်းမ၌ ကျင်းပသည်။

အခြေခံပညာအထက်တန်းကျောင်း (လေးထောင့်ကန်) ၌ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ဘာသာရပ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံတောင်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (လေးထောင့်ကန်)ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ ဘာသာရပ်ဆိုင်ရာ ဗဟုသုတများ ကြွယ်ဝစေရန်နှင့် ရည်မှန်းချက်ပန်းတိုင်များ ရှင်သန်စေရန်ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က လေးထောင့်ကန်ကျောင်းခန်းမ၌ ကျင်းပသည်။

တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့ကျင်းပ

တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့ကို ယ​မန်နေ့နံနက် ၁၀ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်သင်ကြားခြင်းနှင့် အခွင့်အလမ်းများအား မိဘပြည်သူများ ပိုမိုသိရှိ‌စေရေး အသိပညာပေးဆွေးနွေး

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ လေးထောင့်ကန် ရပ်ကွက်၊၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ (စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး) အခြေခံပညာ အထက်တန်းကျောင်း၌ (စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး) ဘာသာရပ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို မိဘများ‌အနေဖြင့် ပိုမိုသိရှိစေရန်ရည်ရွယ်၍ ယမန်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်က ဇာတိမာန်ခန်းမ၌ ကျင်းပကြောင်း သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း နေပြည်တော်မြေအသုံးချမှု‌ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်မြေအသုံးချမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နေပြည်ဝောာ်ကာင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီမှကော်မတီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကာ်မတီ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဒက္ခိဏသီရိမြို့နယ်၌ သဘာဝမြေဩဇာ ဘိုင်အိုချာထုတ်လုပ်နည်းလက်တွေ့ပြုလုပ်ပြသ

ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်တွင် ဒေသခံတောင်သူများအား သဘာဝမြေဩဇာ ဘိုင်အိုချာ ထုတ်လုပ်နည်း လက်တွေ့ပြုလုပ်ပြသခြင်းအား ယမန်နေ့နံနက်ပိုင်းက ချိုင်းကျေးရွာ တောင်သူ ဦးကျောက်၏ နေအိမ်ခြံဝင်း၌ ဆောင်ရွက်သည်။

သရက်မြို့၌ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်ဌာနဆိုင်ရာများတွေ့ဆုံ

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များနှင့် မြို့နယ်ဌာနဆိုင်ရာများ တွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

ပေါင်းတည်၌ အခြေခံပညာအထက်တန်းကျောင်း(ပေါင်းတည်)တွင် လူငယ်စကားဝိုင်း ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့နံနက် ၉ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း (ပေါင်းတည်) တွင် လူငယ်စကားဝိုင်းကျင်းပ ပြုလုပ်ခဲ့သည်။

မြစ်သားမြို့နယ်၌ ဓာတ်မြေဩဇာစုပေါင်းရောင်းချပွဲ၊ မျိုးစေ့ပေးအပ်ပွဲနှင့်အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိ‌ရေး၊ စိုက်ဧကပြည့်မှီရေး အသိပညာပေး ဆွေးနွေးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ဓာတ်မြေဩဇာစုပေါင်း ရောင်းချပွဲ၊မျိုးစေ့ပေးအပ်ပွဲနှင့် အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိ‌ရေး၊ စိုက်ဧကပြည့်မှီရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ရစ်ကန်စိုက်ပျိုးရေးနည်းပညာပေးစခန်း၌ ပြုလုပ်သည်။

ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)တွင် ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်ဖြင့် ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ တာငါးဆယ်တောင်ရပ်ကွက် ကရင်ကျောင်းလမ်းရှိ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)တွင် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်ဖြင့် ကိုဗစ်ကာကွယ်ဆေးထိုးနှံနိုင်ရေး ကျောင်းဝန်းအတွင်း၌ မိုးရာသီ‌သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အဘိတ်ဆေးခတ်ခြင်းများကို ယမန်နေ့က အဆိုပါကျောင်းတွင် သက်ဆိုင်ရာအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
Subscribe to