ဇမ္ဗူသီရိမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးနှံပေး
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက် ကျေးလက်ကျန်းမာရေးဌာနခွဲတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများမှ မြို့နယ်အတွင်းရှိ အသက် ၉ နှစ်မှ ၁၂ နှစ် မပြည့်သေးသော မိန်းကလေးငယ်များအား ယမန်နေ့နံနက်ပိုင်းက သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး HPV vaccine Community based ထိုးနှံပေးခဲ့ကြောင်း သိရသည်။