သရက်မြို့နယ်တွင် ပုံစံ(၁၅)ဖြင့် တောင်းဆိုသော ပြည်တွင်းရှိ မဲစာရင်းပါရှိသည့် သက်ဆိုင်ရာမြို့နယ် ပြင်ပရောက်မဲပေးပိုင်ခွင့်ရှိသူများ၏ ကြိုတင်ဆန္ဒမဲများ မဲပုံးအတွင်း ထိန်းသိမ်းထားရှိ
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၌ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးတွင် ယနေ့နံနက် ၁၁ နာရီအချိန်တွင် ပုံစံ(၁၅)ဖြင့် တောင်းဆိုသော ပြည်တွင်းရှိ မဲစာရင်းပါရှိသည့် သက်ဆိုင်ရာ မြို့နယ်ပြင်ပရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ ကြိုတင်မဲများအား စစ်ဆေးခြင်း၊ မှတ်တမ်းများ ရေးသွင်းထားရှိပြီး မဲပုံးအတွင်းထည့်သွင်းထိန်းသိမ်းကို ဆောင်ရွက်ခဲ့သည်။