မက်မန်းမြို့တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်းများ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာန၏ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့က ဆွတ်ဝိုးအုပ်စု၊ အောင်သံလွင်ကျေးရွာ၊ အ.ထ.က(ခွဲ) ကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

သထုံမြို့နယ်၌ ခွေးရူးရောဂါကာကွယ်ရေးအသိပေးဟောပြောခြင်း ကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးခြင်းဆောင်ရွက်

မွန်ပြည်နယ်၊ သထုံမြို့၊ သိမ်ကုန်းရပ်ကွက်တွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများက ခွေးရူးရောဂါကာကွယ်ရေးအသိပေးဟောပြောခြင်း၊ အိမ်မွေးခွေးနှင့် ကြောင်များအား ခွေးရူးရောဂါကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးခြင်းကို ဇွန်လ ၁၂ ရက်နေ့ မွန်းလွဲပိုင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့ကြသည်။

ပွင့်ဖြူမြို့နယ်၌ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ နေ့ချင်းပြီး ဆောင်ရွက်ပေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ နေ့ချင်းပြီး ဆောင်ရွက်ပေးခြင်းကို ဇွန် ၁၂ ရက်နေ့က ပွင့်ဖြူမြို့အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

လားရှိုးမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန (၃၁) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်စုပေါင်းသွေးလှူဒါန်းပွဲကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်တွင် ကျရောက်မည့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန (၃၁) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲကို ဇွန်လ ၁၂ ရက်က ခုတင် (၅၀၀) ဆံ့ အထွေထွေရောဂါကု‌ပြည်သူ့ဆေးရုံကြီးရှိ သွေးလှူဘဏ်၌ ကျင်းပသည်။

နတ်တလင်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများတွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီအချိန်က ပြုလုပ်သည်။

ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ အ.ထ.က (၁) ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID လုပ်ငန်းများ နေ့ချင်းပြီးဆောင်ရွက် ပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)၊ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ နိုင်ငံသားအခွင့်အရေးနှင့် သက်သေခံအထောက်အထားများ ရရှိစေရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်ဝင်းထွန်း ဦးဆောင်သည့် ဝန်ထမ်းများသည် ရက် (၁၀၀) လမင်းစီမံချက်အရ ယမန်‌နေ့က အမှတ် (၁၃) ရပ်ကွက်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းတက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းနှင့် Biometric UID ဇီဝအချက်အလက် ကောက်ယူခြင်းလုပ်ငန်းများကို နေ့ချင်းပြီး ဝန်ဆောင်မှုအဖြစ် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့သစ်မြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ပြပွဲဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသားကျောင်းသူများ ကလေးအလုပ်သမားနှင့် ပတ်သက်၍ အသိပညာဗဟုသုတများ ရရှိစေရေးအတွက် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့်ပြပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မင်းရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

တိုက်ကြီးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ကျန်းမာရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးဟောပြောခြင်းကို ယနေ့နံနက်ပိုင်းက ဘူတာရပ်ကွက် သာသနာ့ဗိမာန်နှင့် ရှမ်းစုရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတို့တွင် ဆောင်ရွက်သည်။

အွန်လိုင်းလိမ်လည် လောင်းကစားလုပ်ငန်း တားဆီးကာကွယ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဗလမင်းထင်ခန်းမ၌ ယမန်နေ့က အွန်လိုင်းလိမ်လည် လောင်းကစားလုပ်ငန်း တားဆီးကာကွယ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပကြောင်း သိရသည်။
Subscribe to