၂၀၂၆ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ရိုးရာလက်ဝှေ့ပြိုင်ပွဲ ကျင်းပ

ရန်ကုန် ဇွန် ၁၄

၂၀၂၆ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ရိုးရာလက်ဝှေ့ပြိုင်ပွဲ ဒုတိယနေ့ ယှဉ်ပြိုင်နေမှုကို ယမန်နေ့ ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ သိမ်ဖြူ အားကစားခန်းမတွင် ကျင်းပသည်။

ထိုသို့ ယှဉ်ပြိုင်နေကြသည့် အမျိုးသားပွဲစဉ် 57 KG(ဂ)တန်းတွင် ဇင်မင်းသူ(တာမွေ)နှင့် တိုးတက်(ကျောက်တန်း)၊ အမျိုးသားပွဲစဉ် 60 KG(ဂ)တန်းတွင် ထက်လင်းဦး(ဒလ)နှင့် ဝေလှိုင်ဖြိုး(မင်္ဂလာဒုံ) တို့၏ ယှဉ်ပြိုင်နေမှုများကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ပရိတ်သတ်များက ကြည့်ရှုအားပေးခဲ့ကြသည်။

ယှဉ်ပြိုင်ရာတွင် ဇင်မင်းသူ(တာမွေ)နှင့် တိုးတက်(ကျောက်တန်း)တို့၏ ပွဲစဉ်တွင် ဇင်မင်းသူ(တာမွေ)က အနိုင်ရရှိခဲ့ပြီး ထက်လင်းဦး(ဒလ)နှင့် ဝေလှိုင်ဖြိုး(မင်္ဂလာဒုံ)တို့၏ ပွဲစဉ်တွင် ထက်လင်းဦး(ဒလ)က အနိုင်ရရှိခဲ့သည်။ အဆိုပါပြိုင်ပွဲကို လက်ဝှေ့အားကစားသမား(၁၄၅)ဦးဖြင့် ဇွန်လ(၁၂)ရက်နေ့မှ ဇွန်လ(၁၆)ရက်နေ့ အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)