နတ်မောက် ဇွန် ၁၄
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ထုတ်ပေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးတွင် ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး ဦးစီးအရာရှိ ဦးညီညီလွင်မှ ကြီးကြပ်၍ ရုံးဝန်ထမ်းများက အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အိုးဘို ကျေးရွာရှိကျောင်းသား/သူ များအား အသက်၁၈နှစ်ပြည့် မှတ်ပုံတင်လဲလှယ်ခြင်း၊ ဟောင်းနွမ်းပျက်စီးမှတ်ပုံတင်များကို အသစ်လဲလှယ်ပြုလုပ်ပေးခြင်း၊ အသက် ၁၀ နှစ်အထက် မှတ်ပုံတင်အသစ် ပြုလုပ်ပေးခြင်းနှင့် UID ကတ်ထုတ်ပေးခြင်းကို နေ့ချင်းပြီး အခမဲ့ ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် နတ်မောက်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်နိုင်ဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်မြင့်သူ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး ဦးစီးအရာရှိ ဦးညီညီလွင်တို့က အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အိုးဘိုကျေးရွာ ရှိ ကျောင်းသား/သူ (၁၀၂)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ထုတ်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
လှဝင်း (ပြန်/ဆက်)