ဝါးခယ်မမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အငြိမ်းစားဝန်ထမ်းများအား မိုးတွင်းရိက္ခာ လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တွင်တာဝန်ထမ်းဆောင်ခဲ့ကြသော အငြိမ်းစား ဝန်ထမ်းကြီးများအား ပူဇော်ကန်တော့ခြင်းနှင့် မိုးတွင်း ရိက္ခာလှူဒါန်းပွဲကို ဇွန် ၁၃ ရက်  ၉  နာရီက အောင်ဇေယျအစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

၂၀၂၆ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား 5 A Side အမျိုးသား ဟော်ကီပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

၂၀၂၆ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား 5 A Side အမျိုးသား ဟော်ကီပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ သိမ်ဖြူမြက်ခင်းတု ဟော်ကီကွင်းတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ကော်မတီဝင်များ၊ ပြိုင်ပွဲဝင် အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများ၊ အားကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

သင်္ဃန်းကျွန်းခရိုင်တွင် ကြက်ခြေနီကြီးကြပ်မှုကော်မတီမှကြီးမှူး၍ ရှေးဦးပြုစုခြင်း အခြေခံသင်တန်းဖွင်လှစ်

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင်တွင် ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ကြီးမှူး၍ သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ် ကြက်ခြေနီအသင်းခွဲနှင့် သင်္ဃန်းကျွန်းမြို့နယ် ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်း၍ ရှေးဦးပြုစုခြင်း အခြေခံသင်တန်းအမှတ်စဥ် (၁)၊ (၂)၊ (၃)၊ (၄)/ ၂၀၂၆ အား ယနေ့နံနက်ပိုင်းက ပညာရေးဒီဂရီကောလိပ် ပညာနေခြည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မက်မန်းမြို့တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်းများ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာန၏ နိုင်ငံတော်အစိုးရ၏  ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID  ထုတ်ပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ဇွန် ၁၃ ရက်က ဆွတ်ဝိုးအုပ်စု၊ အောင်သံလွင်ကျေးရွာ၊ အ.ထ.က(ခွဲ) ကျောင်းတွင် ကွင်းဆင်းဆောင်ရွက်သည်။

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မြို့နယ်အဆင့် ကျန်းမာ‌ရေးအဆင့်မြင့် ကျောင်းထူထောင်ခြင်း ဆင့်ပွားသင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၌ ယမန်နေ့နံနက် (၉) နာရီတွင် အမှတ်(၁) အ​ခြေခံပညာအထက်တန်း​ကျောင်း၌ မြို့နယ်ပြည်သူ့ကျန်းမာ​ရေးဦးစီဌာနတို့ ပူး​ပေါင်း၍ မြို့နယ်အဆင့် ကျန်းမာ​ရေးအဆင့်မြင့် ကျောင်းထူထောင်ခြင်း ဆင့်ပွားသင်တန်းတွင် ကျင်းပပြုလုပ်ခဲ့​သည်။

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် မြိတ်မြို့  Polytechnic University ၌ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် တက်ရောက်  

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့  Polytechnic University (ကွန်ပျူတာမဟာဌာန)အတွင်း  ဇွန်(၁‌၃)ရက် နံနက်ပိုင်းက မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦးသည် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ကျော်ကျော်ဟန်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ တက်ရောက်ပြီး မိုးရာသီ သစ်ပင်ကို စိုက်ပျိုးပေးကြသည်။

အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(လက်ပံပျား)မှ မွေးမြူရေးအထူးပြု ကျောင်းသားကျောင်းသူများ တော်ဝင်စိုက်ပျိုးမွေးမြူရေးခြံသို့ လာရောက်လေ့လာ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ စီစဉ်မှုဖြင့် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း(လက်ပံပျား)မှ မွေးမြူရေး အထူးပြု ကျောင်းသား၊ ကျောင်းသူများသည် ဇွန် ၁၃ ရက် နံနက် ၉ နာရီခွဲက ကျောက်ပန်းတောင်းမြို့နယ် ဆည်ပေါက် ကျေးရွာအနီးရှိ တော်ဝင်စိုက်ပျိုး၊ မွေးမြူရေးခြံရှိ ဇီဝလုံခြုံမှုနည်းစနစ်ဖြင့် ဝက်မွေးမြူရေးလုပ်ငန်းဆောင်ရွက်နေမှုများကို ကွင်းဆင်းလေ့လာကြသည်။

ကလေးဝမြို့တွင် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၆ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲကို ယနေ့ နံနက် ၇ နာရီခွဲက အမှတ် (၁) ရပ်ကွက်ရှိ မြို့ဝင်မြစ်သာပန်းခြံ၌ ပြုလုပ်ခဲ့သည်။

ရှမ်းပြည်နယ် စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးနှင့် လျှပ်စစ်စွမ်းအင် စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး နမ့်စန်မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေနှင့် ပြည်နယ်လျှပ်စစ် စွမ်းအင် စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်သန်းထူးတို့သည် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများလိုက်ပါလျက် ယမန်နေ့ မွန်းလွဲ ၂ နာရီ တွင် ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် နမ့်စန်ကျေးရွာအုပ်စုရှိ ဝမ်ပုံရေလှောင်တမံသို့ရောက်ရှိခဲ့ရာ တာဝန်ရှိသူများက ရေလှောင်တမံစီမံကိန်းနှင့် ပတ်သက်၍ရှင်းလင်းတင်ပြခဲ့သည်။

ကချင်ပြည်နယ် မြစ်ကြီးနား၊ မိုးညှင်း၊ မိုးကောင်း နှင့်ပူတာအိုမြို့များတွင် စုစုပေါင်းပျိုးပင်မျိုးစုံ အပင် ၅၀၀၀ တစ်ပြိုင်တည်း စိုက်ပျိုး

၂၀၂၆ ခုနှစ်၊ မိုးရာသီ (ပြည်နယ်အဆင့်) သစ်ပင်စိုက်ပျိုးပွဲတော်ကို ကချင်ပြည်နယ်၊ မြစ်ကြီးနား တက္ကသိုလ်ဝင်းအတွင်း ကျင်းပရာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ ပြည်နယ်လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ဦးသိန်းထွန်းအေး၊ ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရနှင့်  အဖွဲ့ဝင်များ၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
Subscribe to