၂၀၂၄-၂၀၂၅ ပညာသင်နှစ် မိတ္ထီလာစီးပွားရေးတက္ကသိုလ် စတင်ဖွင့်လှစ်
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်ရှိ စီးပွားရေးတက္ကသိုလ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အတွက် ကျောင်းသား၊ ကျောင်းသူများအား ဇွန်လ ၃ ရက်နေ့မှ စတင်၍ ပညာသင်နှစ်အလိုက် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။