အိမ်မဲမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံမှု မကျန်ရှိစေရေးလိုက်လံနှိုးဆော်

ဧရာဝတီတိုင်းဒသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အတွင်းရပ်ကွက်ကျေးရွာအုပ်စုများတွင် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံမှုမကျန်ရှိစေရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက အသံချဲ့စက်များ၊ လက်ကိုင်ဟမ်းစပီကာများဖြင့် ယမန်နေ့ နံနက်ပိုင်းက ဆက်လက်နှိုးဆော်လျက်ရှိကြောင်း သိရသည်။

နတ်တလင်းမြို့နယ်၌ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ရပ်ကွက်၊ ကျေးရွာများအတွင်းရှိ အသက်မွေးစမှ ၁ နှစ်ခွဲအရွယ်ထိ ကလေးငယ်များအား တစ်လတစ်ကြိမ် ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်း အစီအစဉ် ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီ အချိန်မှစ၍ မြို့မရပ်ကွက်၊ ရန်ကုန်-ပြည်ကားလမ်းဘေးရှိ မိခင်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကြို့ပင်ကောက်မြို့နယ် ဒေသတွင်းစိမ်းလန်းစိုပြေရေးအတွက် မြို့နယ်သစ်တောဦးစီးဌာနတွင် ပျိုးပင်ပေါင်းလေးသောင်း ပျိုးထောင်ထားရှိ

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် သစ်တောဦးစီးဌာနတွင် ဒေသတွင်းစိမ်းလန်းစိုပြေရေးအတွက် သစ်ပင်မျိုး (၁၄) မျိုးအား ပျိုးပင်ပေါင်းလေးသောင်း ပျိုးထောင် ထားရှိကြောင်း လာမည့်ဇွန်လပထမပတ်အတွင်း မြို့နယ်အတွင်းစိုက်ပျိုးသွားနိုင်ရေး ဆောင်ရွက် ထားရှိကြောင်း သိရသည်။

ကလောမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာပေချစ်သူများအသင်း Book Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်သူများအသင်း (Book Club) အဖွဲ့တို့ ပူးပေါင်း၍ ယနေ့မွန်းလွှဲ (၃) နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ ရန်ကုန်ဘရွှေ ရေးသားသည့် သေသော်မှတည်း ဪကောင်း၏ စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လပွတ္တာမြို့တွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းဆောင်သစ် စတင်ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ ၃ မိုင်မြို့သစ်တွင် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းဆောင်သစ်ဖွင့်ပွဲကို ယမန်နေ့ နံနက် ၈ နာရီ ၃၀ ချိန်က အဆိုပါကျောင်းတွင် ပြုလုပ်ခဲ့ သည်။

မကွေးတက္ကသိုလ်တွင် နေ့သင်တန်းများ စတင်ဖွင့်လှစ်၍ သက်ဆိုင်ရာအတန်းအလိုက် သင်ခန်းစာများ သင်ကြားပို့ချပေး

မကွေးတက္ကသိုလ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဒုတိယပညာသင်ကာလနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပထမပညာသင်ကာလ သင်တန်းနှစ်အသီးသီးကို ယမန်နေ့တွင် ပြန်လည်ဖွင့်လှစ်လျက်ရှိပြီး သက်ဆိုင်ရာအတန်းအလိုက် သင်ခန်းစာများ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် အသက်(၂) နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ အသက်နှစ်နှစ်အောက် ကလေးငယ်များ ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်နှင့် ကျန်းမာရေးကောင်းမွန်ပြီး ဉာဏ်ရည်ထက်မြက်စေရန် ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ယမန်နေ့ နံနက်(၉)နာရီအချိန်က ကျေးလက်ကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မော်လမြိုင်တက္ကသိုလ်၌ ဘာသာရပ်သင်တန်းအလိုက် ကျောင်းသား/သူများ ပညာသင်ကြားလျက်ရှိ

မွန်ပြည်နယ်၊ မော်လမြိုင်တက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ဒုတိယစာသင်နှစ်ဝက်နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပထမစာသင်နှစ်ဝက်တို့၏ ဘာသာရပ်အလိုက် သင်တန်းများကို ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ ဖွင့်လှစ်သင်ကြားလျက်ရှိပြီး သင်တန်းနှစ်အလိုက် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

မကွေးပညာရေးဒီဂရီကောလိပ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းများ စတင်ဖွင့်လှစ်

မကွေးပညာရေးဒီဂရီကောလိပ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အတွက် ကျောင်းသား၊ ကျောင်းသူများအား ယမန်နေ့မှစတင်၍ သက်ဆိုင်ရာအတန်းအလိုက် သင်ခန်းစာများ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၌ ကျောင်းသား/ကျောင်းသူများဖြင့် စာသင်ကြား

တနင်္သာရီတိုင်းဒေသကြီး၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ယမန်နေ့နံနက်ပိုင်းတွင် တစ်ပြိုင်နက်ဖွင့်လှစ်ခဲ့ရာ ကျောင်းများတွင် ကျောင်းသား/ကျောင်းသူများ စာသင်ကြားလျက်ရှိကြောင်း သိရသည်။
Subscribe to