ခန္တီးမြို့၌ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် သစ်တောသစ်ပင်များ ချစ်မြတ်နိုးလာတတ်စေရန်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရန်ရည်ရွယ်၍ ခန္တီးခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် သစ်တောဦးစီးဌာနတို့ပူးပေါင်းကာ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် (၈) နာရီအချိန်က ခန္တီး-ဟုမ္မလင်း ကားလမ်း(၂)မိုင် (၅)ဖာလုံအနီး၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီး မျိုးဇော်မောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ဦးဆွေနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျောက်ဖြူမြို့၌ ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်(အကြို) စာစီစာကုံးပြိုင်ပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်(အကြို) စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက် ၈ နာရီအချိန်က အစိုးရရပ်ကွက်၊ မြို့နယ်ပညာရေးမှူးရုံးရှိ ကုမုဒြာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

စမ်းချောင်းမြို့နယ်၌ ပန်းခင်းစီမံချက် အဆင့် (၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်များမှ ပြည်သူများအား ပန်းခင်းစီမံချက် အဆင့် (၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက် (၁၀)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့တွင် အခြေခံပညာကျောင်း စတင်ဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့တွင် ဇွန်လ ၃ ရက်နေ့မှ စတင်၍ ၂၀၂၄ - ၂၀၂၅ ခုနှစ် ပညာသင်နှစ်အတွက် ကျောင်းစတင်ဖွင့်ခဲ့‌ကြောင်းသိရသည်။

တန့်ယန်းမြို့နယ်တွင် သစ်တောဦးစီးဌာနမှ ဒေသခံပြည်သူများအား သစ်ပင်ပျိုးပင် အခမဲ့ဖြန့်ဝေပေးလျက်ရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စိမ်းလန်းစိုပြေရေးအတွက်အရိပ်ရပင်နှင့် နှစ်ရှည်သစ်ပင်များအား မြို့နယ်သစ်တောဦးစီးဌာနမှ ဒေသခံပြည်သူများ စိုက်ပျိုးနိုင်ရန်အတွက် အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

အဆင့်မြင့်ပညာဦးစီးဌာနရှိ လားရှိုးတက္ကသိုလ်တွင် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ပညာသင်ကြားလျက်ရှိ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်စတင်ဖွင့်လှစ်ပြီဖြစ်ရာ လားရှိုးတက္ကသိုလ်တွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားနေကြပြီဖြစ်ကြောင်း သိရသည်။

ကျေးသီးမြို့နယ်တွင် ၂၀၂၄-၂၀၂၅  ပညာသင်နှစ် အ‌ခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ရှမ်းပြည်နယ်(တောင်းပိုင်း)၊ ကျေးသီးမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများ ယမန်နေ့မှ စတင်ဖွင့်လှစ်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်၊၊

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်းများ ဖွင့်လှစ်မှုနှင့် ကျောင်းအပ်နှံပြီးစီးမှု ညှိနှိုင်းအစည်းအဝေးတက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တိုင်းဒေသကြီးအတွင်း အခြေခံပညာ ကျောင်းများဖွင့်လှစ်မှုနှင့် ကျောင်းအပ်နှံပြီးစီးမှု ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်း တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာမများကြီးများနှင့် ဆရာ/ဆရာမများ တက်ရောက်ကြပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

အခြေခံပညာကျောင်းဖွင့်လှစ်နေမှုများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ကြည့်ရှုအားပေး

နိုင်ငံတော်အနေဖြင့် အခြေခံပညာမူလယ်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ အခမဲ့ပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေနိုင်ရေးနှင့် ကျောင်းနေမြဲရေးအတွက် ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ကျောင်းဝတ်စုံနှင့် ကျောင်းသုံးပုံနှိပ် ပြဌာန်းဖတ်စာအုပ်များကို အခမဲ့ဖြန့်ဝေပေးခြင်း၊ ကျောင်းသား၊ ကျောင်းသူများအတွက် သင်ယူမှုဝန်းကျင်ကောင်းများ ဖြစ်ထွန်းလာစေရန် ကျောင်းထောက်ပံ့ကြေးနှင့် ပညာသင်ထောက်ပံ့ကြေးများကို ပေးအပ်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ရှမ်းပြည်နယ်အတွင်း ဇွန် ၃ ရက် နံနက်ပိုင်းမှစတင် ဖွင့်လှစ်သင်ကြားလျက်ရှိသည့် အခြေခံပညာကျောင်းများတွင် ကျောင်းသား/ ကျောင်းသူများအားလုံး အေးချမ်းပျော်ရွှင်စွာ တက်ရောက်သင်ကြားလျက်ရှိသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ နေပြည်တော်အဆင့် သန့်ရှင်း၍စိမ်းလန်းစိုပြည်သော ကျောင်းဆုနှင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန် သောမြို့နှင့် ကျေးရွာများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနား တက်ရောက်

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့မွန်းလွဲ ၁ နာရီတွင် ပျဉ်းမနားခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်း အဝေးခန်းမ၌ကျင်းပသည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အဆင့် သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းဆုနှင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ကောင်းမွန်သောမြို့နှင့်ကျေးရွာတို့အား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
Subscribe to