ကျွန်းလှ ဇွန် ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သစ်တောဦးစီးဌာနအစီအစဉ်ဖြင့် ၂၀၂၄ ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီက ဗုဒ္ဓတက္ကသိုလ် (ကျွန်းလှ) ၌ ကျင်းကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးတင့်ထူးနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ပျိုးပင်များပေးအပ်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ဒေသခံပြည်သူများနှင့်အတူ သစ်ပင်များစိုက်ပျိုးပေးပြီး လှည့်လည်ကြည့်ရှုအားပေးကြသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်း (၁၀၀)၊ တမာ (၁၀၀)၊ ပျဉ်းကတိုး (၁၀၀)၊ ခရေ (၁၀၀)၊ စွယ်တော် (၁၀၀)၊ စုစုပေါင်းပျိုးပင်မျိုးစုံ (၅၀၀) စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ မိုးရာသီ၌ ကျွန်း၊ တမာ၊ ပျဉ်းကတိုး၊ ခရေ၊ စွယ်တော်နှင့် ယူကလစ် ပျိူပင်မျိုးစုံး (၂၀၀၀၀) ပျိုးထောင်ထားကြောင်း၊ ဌာနဆိုင်ရာများ၊ တပ်ရင်း တပ်ဖွဲ့များ၊ လမ်းဘေးဝဲယာနှင့် ပြည်သူလူထု ဖြန့်ဝေစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်သစ်တော်ဦးစီးဌာ နမှ သိရသည်။
မျိုးဝင်းညို(ကျွန်းလှ)