တွံတေးမြို့နယ်တွင် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ နှစ်ပတ်လည် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့၏ နှစ်ပတ်လည်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၂ ရက်နေ့ နံနက် ၁၀ နာရီက မြို့နယ်စစ်မှုထမ်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နည်းပညာတက္ကသိုလ်(မအူပင်)နှင့် ကွန်ပျူတာတက္ကသိုလ်(မအူပင်) တို့တွင် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ပညာသင်ကြား

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ နည်းပညာတက္ကသိုလ်(မအူပင်)နှင့် ကွန်ပျူတာတက္ကသိုလ် (မအူပင်)တို့တွင် ၂၀၂၃-၂၀၂၄ ပညာသင် နှစ်နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အင်ဂျင်နီယာဘွဲ့ကြိုသင်တန်းများနှင့် ကွန်ပျူတာသိပ္ပံနှင့် ကွန်ပျူတာနည်းပညာဘွဲ့သင်တန်းများအား ယမန်နေ့နံနက် ၉ နာရီမှ စတင်ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။

နည်းပညာတက္ကသိုလ်(မအူပင်)တွင် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြား

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ နည်းပညာတက္ကသိုလ်(မအူပင်)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အင်ဂျင်နီယာဘွဲ့ကြိုသင်တန်းများအား ယမန်နေ့နံနက် ၉ နာရီမှ စတင်ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။

ကသာခရိုင်အတွင်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်အတွင်းရှိ မြို့နယ်များတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ယမန်နေ့မှစ၍ စတင်ဖွင့်လှစ်ကြောင်း သိရသည်။

သထုံတွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၅)လုံးနှင့် အများသုံးရေကန်တို့ အမိုးများလန်ကာပျက်စီး

မွန်ပြည်နယ်၊ သထုံမြို့တွင် ယမန်နေ့ ည (၆) နာရီခွဲအချိန်ခန့်က ရုတ်တရက် လေပြင်းတိုက်ခတ်မှုကြောင့် သိမ်ကုန်းရပ်ကွက်၊ အောင်ဇေယျ(၃)လမ်းမှ လူနေအိမ်(၅)လုံးနှင့် အဆိုပါလမ်းထိပ်ရှိ အများသုံးရေကန်တို့၏ အမိုးများလန်ကာ ပျက်စီးခဲ့ရကြောင်း သိရသည်။

ကွန်ပျူတာတက္ကသိုလ်(ပြည်)၌ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိ

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ကွန်ပျူတာတက္ကသိုလ်(ပြည်)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်(ဒုတိယနှစ်ဝက်)သင်တန်းများနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် (ပထမနှစ်ဝက်)သင်တန်းများကို ယမန်နေ့ နံနက်ပိုင်းတွင် စတင်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ယမန်နေ့နံနက် (၉)နာရီအချိန်မှစ၍ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်လျက်ရှိပြီး မြို့အတွင်းရှိ ကျောင်းများအသီးသီးတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာယာစွာဖြင့် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အမျိုးသားစီမံခန့်ခွဲမှု ပညာဒီဂရီ​ကောလိပ်၌ (၂၀၂၃-၂၀၂၄) ၊ (၂၀၂၄ - ၂၀၂၅) ၊ ပညာသင်နှစ် ​ပြန်လည်ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်ရှိ အမျိုးသားစီမံခန့်ခွဲမှု ပညာဒီဂရီ​ကောလိပ်(၂၀၂၃-၂၀၂၄) ပညာသင်နှစ် ဒုတိယနှစ်ဝက် သင်တန်းများနှင့် (၂၀၂၄ - ၂၀၂၅) ပညာသင်နှစ် ပထမနှစ်ဝက်သင်တန်းများကို ယန်မန်နေ့နံနက်ပိုင်းမှ စတင်ဖွင့်လှစ်လျက်ရှိရာ ​ကျောင်းသား/ကျောင်းသူများ ပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိသည်။

ရေတာရှည်မြို့နယ်၌ ဧကာဒသမအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုကြိုဆို

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ရေတာရှည်မြို့နယ်၌ ဧကာဒသမအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲ၌ ဗုဒ္ဓဝံသ ဝိသာရဒဘွဲ့ စတုတ္ထဆု၊ ပဉ္စမဆု၊ ဆဌမဆုတို့ ရရှိခဲ့ကြသည့် ဆုရှင်များအား ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က  မြို့တော်ခန်းမရှေ့တွင် ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်တွင် လူမှုဖူလှုံရေးအကျုံးဝင်ဝန်ထမ်းများအား ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်ရှိ ဂမုန်းပွင့်ကုန်တိုက်တွင် အလုပ်သမားဝန်ကြီးဌာန လူမှုဖူလှုံရေးအဖွဲ့မှ ရွေ့လျားဆေးကုသယာဥ်ဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း လှုမှုဖူလှုံရေးအဖွဲ့နှင့် အကျူံးဝင်မှတ်ပုံတင်ထားသော Junction  Square ကုန်တိုက်ရှိဝန်ထမ်းများမှ အာမခံအလုပ်သမားများအား ယမန်နေ့နံနက်ပိုင်းတွင် အလုပ်ဌာနများအရောက် ကွင်းဆင်းဆေးကုသမှုများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Subscribe to