ခရမ်းမြို့နယ်တွင် ယာဉ်လမ်းအန္တရာယ်ကင်းရှင်းစေရေး စစ်ဆေးခြင်းများဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများအား ယာဉ်တိုက်မှုအန္တရာယ်မှ ကင်းရှင်းစေရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာစေရေးအတွက် ယနေ့နံနက် (၈) နာရီက ခရမ်းမြို့ အ.ထ.က (၁) နှင့် အ.ထ.က (၂) ကျောင်းလမ်းစုံတို့တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေး စစ်ဆေးခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။