သဲကုန်းမြို့နယ် မူလတန်းကြိုကျောင်း၌ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်း၌ ကလေးသူငယ်များ ဉာဏ်ရည်၊ ဉာဏ်သွေး ထက်မြက်လာစေရန်၊ လူအများရှေ့တွင် ရဲရင့်စွာပြောရဲဆိုရဲတတ်စေရန်၊ စည်းလုံးညီညွှတ်မှုရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီက ကျောင်းတွင်း ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။