ကွန်ဟိန်းမြို့၌ ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၌ ကိုယ်ဝန်ဆောင်မိခင်များ ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းအား ယနေ့နံနက်(၈:၀၀)နာရီခန့်ကစတင်၍ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆီထွက်သီးနှံနှမ်းစိုက်ပျိုးရာတွင် စိုက်ပျိုးစရိတ်အရင်းအနှီး အကုန်အကျသက်သာပြီး အထွက်နှုန်းတိုးပွားစေရန် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် ပတ်သက်၍ ဒေသခံတောင်သူတစ်ဦးနှင့် တွေ့ဆုံမေးမြန်း

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် ပြည်တွင်းစားသုံးဆီ ဖူလုံစေရန်နှင့် ပြည်ပစားသုံးဆီတင်သွင်းမှု လျော့ချနိုင်ရန်အတွက် ရည်ရွယ်၍ တစ်မြို့နယ်လုံး ဆီထွက်သီးနှံ နွေနှမ်းစိုက်ဧက ၄၇၄၅၂ ဧက စိုက်ပျိုးဆောင်ရွက်ထားရှိကြောင်း သိရကာ အဆိုပါ နွေနှမ်းစိုက်ပျိုးရာ၌ စိုက်ပျိုးစရိတ် အရင်းအနှီး အကုန်အကျ သက်သာပြီး အထွက်နှုန်းတိုးပွားစေရန် ဆောင်ရွက်လုပ်ကိုင်နေသည့် ပွင့်ဖြူမြို့နယ် အင်းဒေါင်းကျေးရွာအုပ်စု၊ ဘိုကုန်းကျေးရွာမှ ဒေသခံတောင်သူ ဦးလှချိုနှင့် တွေ့ဆုံ မေးမြန်းထားမှုကို ရေးသားတင်ပြလိုက်ရပါသည်။

ကဝမြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ် လုပ်ငန်းရာသီအတွက် ကျန်ရှိနေသောတင်ဒါချက်အား (ဒုတိယ)အကြိမ် လေလံတင်ရောင်းချ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် လုပ်ငန်းရာသီအတွက် ကျန်ရှိနေသောတင်ဒါချက်အား (ဒုတိယ)အကြိမ် လေလံတင်ရောင်းချခြင်း အခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီက မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၌ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ပညာသင်ကြား

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၌ ယမန်နေ့မှစတင်၍ အထူးပြုဘာသာရပ်အသီးသီးတို့တွင် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်းသိရသည်။

မင်းလှမြို့နယ်၌ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်ဖြစ်သည့် မိုးရာသီတွင် ကျေးရွာချင်းဆက်လမ်းများ၌ သီးပင်စားပင်များစိုက်ပျိုးနိုင်ရန် လမ်းညွှန်ချက်အရ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မိုးရာသီအကြိုစု‌ပေါင်းသစ်ပင်စိုက်ပျိုးခြင်းကို ယနေ့ နံနက် ၈ နာရီချိန်က မင်းလှ-ဇရစ်ချောင်းလမ်းသွား လမ်းဘေးဝဲယာတွင် ပြုလုပ်ခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တပ်ကုန်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် တပ်ကုန်းမြို့နယ်၊ မြို့ဦးပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တပဏ္ဍဝ မဟာထေရ်မြတ်အား သွားရောက်ဖူးမြော်ကြည်ညို၍ ဆွမ်းဆန်တော်၊ ဆီ၊ နဝကမ္မအလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

အောင်လံမြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေး

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက် ရေးနှင့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုများကို ဆောင်ရွက်ရန် လမ်းညွှန်မှာကြားထားသည်နှင့်အညီ မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ကျေးရွာ စာကြည့်တိုက်များ၏ လိုအပ်ချက်များကို ဝိုင်းဝန်းညှိနှိုင်း ပေါင်းစပ်ပေးနိုင်ရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အောင်လံမြို့နယ်ရုံးမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာများမှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် (၂.၆.၂၀၂၄) နံနက်ပိုင်းက အောင်လံမြို့ ပြင်းပေါက်ရွာ၊ ဝန်ဇင်းရာဇာစာကြည့်တိုက်၊ ပိတောက်ကုန်း ဖူးပွင့်သို့သွား ရောက်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအဝင် စာကြည့်တိုက်ကော်မတီဝင်များနှင့် တွေ့ဆုံကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝမ်းတွင်းမြို့၌ “ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့” အသိပညာပေး ဆိုင်းဘုတ်စိုက်ထူခြင်းအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ “ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့” အသိပညာပေး ဆိုင်းဘုတ်စိုက်ထူခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက လူစည်ကားရာ အလယ်ဂိတ်လမ်းဆုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကဝမြို့နယ်တွင် ရာသီဥတုအညွှန်းကိန်း သီးနှံအာမခံ သိကောင်းစရာဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့အာမခံလုပ်ငန်း ရာသီဥတုအညွှန်းကိန်း အခြေပြုသီးနှံအာမခံလုပ်ငန်းနှင့်ပတ်သက်၍ ကျေးရွာအုပ်ချုပ်ရေးမှူးများမှတဆင့် တောင်သူများသို့ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် (၁၀) နာရီအချိန်က ကဝမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် ဆောင်ရွက်ခဲ့သည်။

ဘားအံခရိုင်အတွင်းရှိ အကျိုးဆောင်တောင်သူများအား မျိုးစပါး၊ ဓာတ်မြေဩဇာနှင့် စပါးမျိုးစေ့ချကိရိယာများ ထောက်ပံ့ပေးအပ်

ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဘားအံခရိုင်အတွင်းရှိ အကျိုးဆောင်တောင်သူများအား မျိုးစပါး၊ ဓာတ်မြေဩဇာနှင့် စပါးမျိုးစေ့ချကိရိယာများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
Subscribe to