၂၀၂၄-၂၀၂၅ ပညာသင်နှစ် မိတ္ထီလာစီးပွားရေးတက္ကသိုလ် စတင်ဖွင့်လှစ်

မိတ္ထီလာ ဇွန် ၄

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်ရှိ စီးပွားရေးတက္ကသိုလ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အတွက် ကျောင်းသား၊ ကျောင်းသူများအား ဇွန်လ ၃ ရက်နေ့မှ စတင်၍ ပညာသင်နှစ်အလိုက် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

မိတ္ထီလာစီးပွားရေးတက္ကသိုလ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများအား ဖွင့်လှစ်သင်ကြားနိုင်ရေး မေလ ၂၃ ရက်နေ့မှ စတင်၍ ကျောင်းဝင်မှတ်ပုံတင်ခြင်း လက်ခံ ဆောင်ရွက်ပြီး ဇွန်လ ၃ ရက်နေ့မှ စတင်၍ ကျောင်းသား၊ ကျောင်းသူများအား  ပညာသင်နှစ်အလိုက်  ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။ ထိုသို့ ဖွင့်လှစ်သင်ကြားရာတွင် ပညာသင်နှစ်အလိုက် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူနေမှုအခြေအနေများကို ခေတ္တပါမောက္ခချုပ် ဒေါက်တာ ဖြူဖြူအိနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မိတ္ထီလာစီးပွားရေးတက္ကသိုလ်တွင်၂‌၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ‌တက်ရောက်နိုင်မည့် ကျောင်းသား၊ ကျောင်းသူ (၂၄၆၅) ဦးရှိကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)