ကန့်ဘလူမြို့နယ်၌ လူငယ်လမ်းညွှန် စာစုများ (၁) စာအုပ် စာဖတ်ဝိုင်းကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် စာဖတ်သူဦးရေတိုးပွားလာစေရန်နှင့် စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ကောင်းစံသာ(ရေကြည်)၏ “ လူငယ်လမ်းညွှန်စာစုများ (၁)” စာအုပ်အား စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။