ပွင့်ဖြူမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် စာပေဝါသနာရှင်များ စုပေါင်းပြီး (Book Club) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်ပွင့်သာမြေ စာအုပ်စာစောင် ချစ်မြတ်နိုးသူများ (Book Club) အဖွဲ့နှင့် စာပေဝါသနာရှင်များ စုပေါင်းပြီး ပြည်သူများ စာပေအသိပညာ တိုးပွားစေရန်အတွက် (Book Club) အဖွဲ့၏ ဆက်လက်ဆောင်ရွက်မည့် စာပေအသိပညာမျှဝေခြင်းဆိုင်ရာ လုပ်ငန်းများအား ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်းသိရသည်။