နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းနေနိုင်ရေး တွေ့ဆုံဆွေးနွေး

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်၊ သက်ဆိုင်ရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ်၊ ဇလောင်းကျေးရွာအုပ်စု၊ ဇလောင်း(မြောက်)ကျေးရွာရှိ စာကြည့်တိုက်အသစ်ဆောက်လုပ်မည့်မြေနေရာ၊ ဇလောင်း(တောင်)ကျေးရွာရှိ ပြန်လည်ပြုပြင်ဆောင်ရွက်မည့် စိတ္တသုခစာကြည့်တိုက်၊ ပုဗ္ဗသီရိမြို့နယ် ဆင်ဖြူရှင်ရပ်ကွက်ရှိ စာကြည့်တိုက် အသစ်ဆောက်လုပ်မည့်နေရာနှင့် ရတနာဒီပရပ်ကွက်ရှိ စာကြည့်တိုက်အသစ်ဆောက်လုပ်မည့်နေရာများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

အစိုးရနည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်)တွင် အခြေခံလျှပ်စစ်သံဂဟေဆက်ခြင်း နည်းပညာသင်တန်း၊ အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်း နည်းပညာသင်တန်းဆင်းပွဲနှင့် ထူးချွန်သူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

အစိုးရနည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်)တွင် အခြေခံလျှပ်စစ်သံဂဟေဆက်ခြင်း နည်းပညာသင်တန်း၊ အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်း နည်းပညာသင်တန်းဆင်းပွဲနှင့် ထူးချွန်သူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ ကျောက်ဆည် ဇွန် ၄ အောင်ပိုင်ပိုင်ကျော်

ကလေးတက္ကသိုလ်တွင် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားလျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးတက္ကသိုလ်တွင် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်၏ ပထမနှစ်(၂၀၂၃ အောင်)မှစ၍ မဟာဘွဲ့သင်တန်းများအထိကို တက္ကသိုလ်ဆရာ/ဆရာမများက အနီးကပ်ကြီးကြပ် သင်ကြားပေးလျက်ရှိရာ ကျောင်းသား/ကျောင်းသူများ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ပေါင်းတည်၌ လူမှုဖူလုံရေးအကျုံးဝင် အာမခံအလုပ်သမားများအား ရွေ့လျားဆေးကုသယာဉ်ဖြင့် (အခမဲ့) ကွင်းဆင်းဆေးကုသ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများအား ရွေ့လျားဆေးကုသယာဉ်ဖြင့် (အခမဲ့) ဆေးကုသပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းတို့ကို ယနေ့နံနက် ၉ နာရီမှစ၍ မင်းကွက်(၃)ရပ်ကွက်၊ ရန်ကုန်-ပြည်လမ်းရှိ မြို့နယ်လူမှုဖူလုံရေးရုံး၌ ဆောင်ရွက်ပေးကြသည်။

သထုံမြို့နယ်၌ မုန်တိုင်းဘေးအန္တရာယ် ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်မီးသတ်တပ်ဖွဲ့မှဦးဆောင်၍ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့ဝင်များ၊ ပြည်သူများပူးပေါင်းကာ ယနေ့နံနက်က သထုံမြို့၊ သိမ်ကုန်းရပ်ကွက်၌ မုန်တိုင်းဘေးအန္တရာယ် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဆောင်ရွက်ခဲ့ကြသည်။

မိုးညှင်းမြို့၌ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသင်တန်းကျောင်း စတင်ဖွင့်လှစ်၍ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားလျက်ရှိ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့်တွဲဖက်၍ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသင်တန်းကျောင်းကို ယမန်နေ့ နံနက်ပိုင်းမှ စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ချောင်းဆုံမြို့နယ်တွင် မုန်တိုင်းဘေးနှင့် ရေဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေး ဇာတ်တိုက်လေ့ကျင့်

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြောင့် ပြည်သူများ၏ အသက်အိုးအိမ်များ ပျက်စီးဆုံးရှုူံးမှုမဖြစ်ပွားစေရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးဆောင်ကာ ယနေ့နံနက်ပိုင်းက ကလွီကျေးရွာ ကမ်းနားဆိပ်တွင် မုန်တိုင်းဘေးနှင့် ရေဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေး ဇာတ်တိုက်လေ့ကျင့်လှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to