အုတ်တွင်းမြို့နယ်၌ အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်အတွင်း အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ စျေးရပ်ကွက်ရှိမိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာနတွင် သတင်းရေးသားနည်း သင်တန်းဖွင့်လှစ်

ကရင်ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် မိမိတို့ဌာန၏ လှုပ်ရှားမှုများကို သတင်းရေးသား ရိုက်ကူးပေးပို့တတ်စေရန် ရည်ရွယ်၍ ကရင်ပြည်နယ် အစိုးရအဖွဲ့မှ ကြီးမှူးပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းတို့ ပူးပေါင်းဖွင့်လှစ်သည့် သတင်းရေးသားနည်း သင်တန်း(၁/၂၀၂၄)ဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲ (၂) နာရီက ဘားအံခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

ဇလွန်မြို့နယ်သမဝါယမ ဦးစီးဌာနရုံးတွင် မိုဘိုင်းစနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ဌာနအသီးသီးတို့မှ ဝန်ထမ်းများ စာအုပ်၊ စာစောင်များကို အလွယ်တကူငှားရမ်း ဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် ဇလွန်မြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမြင့်သိန်းနှင့်ဝန်ထမ်းများက ယမန်နေ့နံနက် ၁၁ နာရီတွင် မြို့နယ်သမဝါယမဦးစီးဌာနရုံးသို့ သွားရောက်၍ မိုဘိုင်းစနစ်ဖြင့် စာအုပ်၊စာစောင်များ ငှားရမ်းပေးခြင်းကို ဆောင်ရွက်ခဲ့ကြသည်။

ချောင်းဆုံမြို့နယ်ရှိ တောင်သူများ ရာသီဥတုအညွှန်းကိန်း သီးနှံအာမခံထားရှိရေး ညှိနှိုင်းဆောင်ရွက်

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ တောင်သူများ စိုက်ပျိုးထားသည့်သီးနှံများ သတ်မှတ်မိုးရေချိန်စံညွှန်းထက် ကျော်လွန်ရွာသွန်းခြင်းကြောင့် ရေကြီးနစ်မြုပ်ပျက်စီးခြင်းအတွက် လျော်ကြေးအကျိုးခံစားခွင့်ရရှိမည့် ရာသီဥတုအညွှန်းကိန်း သီးနှံအာမခံထားရှိရေးအတွက် မြန်မာ့အာမခံလုပ်ငန်းမှ ယမန်နေ့ နံနက်(၁၀)နာရီက ကျွန်းသာယာခန်းမတွင် ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း လူထုအသိပညာပေး Bill board စိုက်ထူ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ ရန်ကုန်-ပြည်လမ်းမကြီး၊ ဈေးလမ်းထိပ်၊ မြန်မာ့စီးပွားရေးဘဏ်ရှေ့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း လူထုအသိပညာပေး Bill board အား ယမန်နေ့ ညနေ ၄ နာရီတွင် ခရိုင်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီနှင့် မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့်အတူ အောင်မြင်စွာစိုက်ထူခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အသိပညာပေး Talk Show

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အသိပညာပေး Talk Show ဒဂုံအရှေ့ ဇွန် ၄ ဇွဲမင်းထက်(ပြန်/ဆက်)

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် လွိုင်ကော်မြို့၌ ကျောင်းသူ/ကျောင်းသားများ ပညာသင်ကြားနေမှုအား ကြည့်ရှုအားပေး

ဇွန်လ (၃)ရက်နေ့မှစတင်၍ ကယားပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ အခြေခံကျောင်းများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများကို စတင်ဖွင့်လှစ်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများလိုက်ပါ၍ လွိုင်ကော်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

ကွင်းပေါက်ကျေးရွာ၌ တံတား(၄)စင်းတည်ဆောက်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တွံတေးမြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဒေသဖွံဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဦးစီးဌာနမှ ဒေသခံပြည်သူများ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့စေပြီး ထုတ်ကုန်များ အချိန်နှင့်တစ်ပြေးညီ စျေးကွက်သို့ အမြန်ရောက်ရှိရေးအတွက် ကင်းရွာ-ခရမ်းကြီး-ခရမ်းဝ-ရေတွင်းကုန်း-ကွင်းပေါက်ကျေးရွာ အနောက်ချောင်းစပ်မှ ရွှေမယင်းဒေသ (ကကယာ၂)သို့ ဆက်သွယ်ထားသော ချောင်းရိုးဘေးတာဘောင်ပေါ်ရှိ တံတား(၄)စင်း တည်ဆောက်နေကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

ညောင်ဦးမြို့နယ် စာကြည့်တိုက်အသစ်ဆောက်လုပ်မည့်မြေနေရာ ရွေးချယ်သတ်မှတ်ခြင်းနှင့် ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များ အဆင့်မြှင့်တင်နိုင်ရေး ကွင်းဆင်းကြည့် ရှုစစ်ဆေး

နိုင်ငံတော်အစိုးရက ပြည်သူများ စာပေလေ့လာဖတ်ရှု‌စေရေး၊ အသိပညာဗဟုသုတတိုးပွား‌စေရေးနှင့် စာအုပ်စာစောင်များကို လက်လှမ်းမီစွာ ထားရှိပေးနိုင်ရန်အတွက် စာကြည့်တိုက်အသစ်များ ဖွင့်လှစ်ထားရှိနိုင်ရေး ရပ်ကွက်/ကျေးရွာအတွင်းရှိ စာကြည့်တိုက်များ အဆင့်မြှင့်တင်နိုင်‌ရေးတို့ကို အလေးထား စီစဉ်ဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် အောက်ညဉ့်ကျေးရွာ အုပ်စု၊ သူကောင်းတည်ကျေးရွာ စာကြည့်တိုက်အသစ် ဆောက်လုပ်မည့်မြေနေရာ ရွေးချယ်သတ်မှတ်ခြင်းနှင့် မြို့နယ်အတွင်းရှိ မြေပြင်၌ အမှန်တကယ်ရှင်သန်လျက်ရှိသော ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များအား အဆင့်မြှင့်တင်နိုင်ရေးအတွက် ‌မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဌေးအောင်၊ တာဝန်ရှိများက ယနေ့နံနက် ၁၀ နာရီအချိန်က ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာကြည့်တိုက်ကော်မတီဝင်များအား တွေ့ဆုံ၍ မြေပြင်အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to