တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြိတ်မြို့ အမျိုးသမီးသက်မွေး အတတ်ပညာသင် ကျောင်းသို့  ဆန်၊ ဆီနှင့် စားစရိတ်များ ထောက်ပံ့

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြိတ်မြို့ ကွမ်းသီးချောင်းကျေးရွာရှိ  အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်း  သင်တန်းသူများအတွက် ဆန်၊ ဆီနှင့် စားစရိတ်များကို ယမန့်နေ့နေ့လယ်ပိုင်းက တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများက သွားရောက်ထောက်ပံ့ပေး အပ်ခဲ့ကြသည်။

ပေါက်ခေါင်းမြို့နယ်တွင် ယခုနှစ်ချည်မျှင်ရှည်ဝါဧက ၅၀၀၀ ကျော်စိုက်ပျိုးပြီးစီး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ ယခုနှစ်တွင် ချည်မျှင်ရှည်ဝါ ၂၇၇၄ ဧက လျာထားစိုက်ပျိုးခဲ့ရာ စက်တင်ဘာ ၁၀ ရက်နေ့အထိ ချည်မျှင်ရှည်ဝါ ၅၄၃၆ ဧက စိုက်ပျိုးထားပြီးစီးပြီဖြစ်‌ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ (အမျိုးသား/ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

၂ဝ၂၃ ခုနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ (အမျိုးသား/ အမျိုးသမီး)ဘော်လီဘော ပြိုင်ပွဲကို (၈.၉.၂၀၂၃)ရက်နေ့မှ(၁၃.၉.၂၀၂၃)ရက်နေ့အထိကျင်းပခဲ့ရာ ယနေ့နံနက် ၁၀ နာရီအချိန်က မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ ဗထူးကွင်း မိုးလုံလေလုံအားကစား ခန်းမတွင်  ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပပြုလုပ်ခဲ့‌ကြောင်းသိရသည်။

တွံတေးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(သဝန်းတော)တွင် လူငယ်ရေးရာကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ သဝန်းတောကျေးရွာအုပ်စု၊ သဝန်းတောကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းတွင်  နိုင်ငံ၏အနာဂတ်တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် ကျောင်းသား/ ကျောင်းသူ လူငယ်လူရွယ်လေးများအနေဖြင့်

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဒေသဝက် (၅၀) ကောင်အား မွေးမြူရေးဘဏ်စနစ်ဖြင့်မွေးမြူမည့် အိမ်ထောင်စု (၁၂) စုထံသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ဝယ်ယူဖြန့်ဖြူးသည့် ဒေသဝက် (၅၀) ကောင်အား မွေးမြူရေး ဘဏ်စနစ်ဖြင့်မွေးမြူမည့် အိမ်ထောင်စု (၁၂) စုထံသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က ဖက်ရမ်းကျေးရွာအုပ်စု၊ ပုံးအယ်ကျေးရွာတွင် ပြုလုပ်သည်။

ဆိပ်ကြီးခနောင်တိုမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်း ပြုလုပ်

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Youth Club အဖွဲ့တို့ ပူးပေါင်းကျင်းပသည့် စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ် ၂ နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြုလုပ်ခဲ့သည်။

မြစ်သားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လု ပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက်(၁၅)နှစ်အောက်အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ညနေ၄ နာရီအချိန်က မြို့နယ်အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။ 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း လွိုင်ကော်မြို့၊ ကန္ဒရဝတီ ဘုန်းတော်ကြီးကျောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်း(ချိကယ်)နှင့် မောဒူဒီးဘိုးဟိုးခန်းမများသို့သွားရောက်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်းသည် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ကန္ဒရဝတီ ဘုန်းတော်ကြီးကျောင်း၌ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်း(ချိကယ်)သို့သွားရောက်၍ ပညာသင်ကြားနေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ဂွမြို့နယ်တွင် အသက် ၆ လမှ ၅ နှစ်အရွယ် ကလေးများအား ဗီတာမင်(အေ)ဆေးတိုက်ကျွေး

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင်   အသက် (၆)လမှ (၅)နှစ်အထိ ကလေးများအား အာဟာရရက်သတ္တပတ်အနေဖြင့် ဗီတာမင်အေဆေးများ တိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကျန်းမာရေးဝန်ထမ်းများက တိုက်ကျွေးပေးခဲ့ ကြောင်း သိရသည်။

ညောင်ဦးမြို့နယ်ရှိ ပြောင်းဖူးစိုက်ခင်းများအောင်မြင်ဖြစ်ထွန်း 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စုကျေးရွာများမှ ပြောင်းဖူးစိုက်တောင်သူများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ထွက်သလောက်ရောင်းချနေရခြင်းကြောင့် ပြောင်းဖူးစိုက်တောင်သူများတွက်ခြေကိုက်နေကြကြောင်း ပြောင်းဖူးပွဲစား ဦးဝင်းတင့်ထံက သိရသည်။
Subscribe to