မော်လမြိုင်မြို့တွင် ကနဦးလိုအပ်ချက် စစ်တမ်းကောက်ယူရေး ပျက်စီးဆုံးရှုံးမှုစာရင်းများ ကောက်ယူမည့်ပုံစံရှင်းလင်းခြင်းသင်တန်းပို့ချ

မော်လမြိုင် ဇွန် ၅

မော်လမြိုင်မြို့တွင် ကနဦးလိုအပ်ချက်စစ်တမ်း ကောက်ယူရေးပျက်စီးဆုံးရှုံးမှု အတည်ပြုရေးနှင့် လိုအပ်ချက်များ ဆန်းစစ်ဖော်ထုတ်ရေး လုပ်ငန်းကော်မတီ ပျက်စီးဆုံးရှုံးမှုစာရင်းများ ကောက်ယူမည့် ပုံစံရှင်းလင်းခြင်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို မော်လမြိုင်မြို့ ပြည်နယ်စာရင်းအင်းဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ မွန်ပြည်နယ်၊ ကနဦးလိုအပ်ချက် စစ်တမ်းကောက်ယူရေး ပျက်စီးဆုံးရှုံးမှု အတည်ပြုရေးနှင့် လိုအပ်ချက်များ ဆန်းစစ် ဖော်ထုတ်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ လူမှုရေးဝန်ကြီး ဦးစောကြည်နိုင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။

အခမ်းအနားတွင် မွန်ပြည်နယ်၊ ကနဦးလိုအပ်ချက်စစ်တမ်းကောက်ယူရေး ပျက်စီးဆုံးရှုံးမှု အတည်ပြုရေးနှင့် လိုအပ်ချက်များ ဆန်းစစ်ဖော်ထုတ်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဦးစောကြည်နိုင်က မွန်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့အောက်ရှိ လုပ်ငန်းကော်မတီ (၁၁) ခုအနက် ကနဦးလိုအပ်ချက်စစ်တမ်းကောက်ယူရေး၊ ပျက်စီးဆုံးရှုံးမှု အတည်ပြုရေးနှင့် လိုအပ်ချက်များ ဆန်းစစ်ဖော်ထုတ်ရေး လုပ်ငန်းကော်မတီကို မွန်ပြည်နယ်အစိုးရအဖွဲ့မှ (၁၃-၃-၂၀၂၃) တွင် အဖွဲ့ဝင် (၁၆) ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး၊ လုပ်ငန်းတာဝန် (၄) ရပ်ကိုချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် ကနဦးလိုအပ်ချက် စစ်တမ်းကောက်ယူရေး ပျက်စီးဆုံးရှုံးမှုအတည်ပြုရေးနှင့် လိုအပ်ချက်များ ဆန်းစစ်ဖော်ထုတ်ရေး ကော်မတီများသည် မေးခွန်းလွှာပုံစံ Question- naire ကို ဒေသအလိုက် သက်ဆိုင်ရာဌာနများမှ တာဝန်ပေးမည့်သူများ၊ လူမှုရေးအသင်းအဖွဲ့များအား ဆင့်ပွားသင်တန်းများ (Trainings) ပေးထားရန် ဆုံးဖြတ်ချက်အရ သင်တန်းပို့ချရခြင်း ဖြစ်ကြောင်း၊ ယခုသင်တန်းမှာ သဘာဝဘေးအန္တရာယ်ဖြစ်ပါက ဖြည့်စွက်ရန်ကဏ္ဍ (၁၇) ခုအား ဌာနအလိုက် ဖြည့်သွင်းရမှာဖြစ်ပြီး ပြည်နယ်အဆင့် ဌာနဆိုင်ရာများအား ပို့ချပေးခြင်းဖြစ်၍ ခရိုင်/ မြို့နယ်ရှိ ဌာနများသို့ ထပ်ဆင့် ဆင့်ပွားသင်တန်း ပြန်လည်ပို့ချပေးပါရန် မှာကြားလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မွန်ပြည်နယ်၊ ဗဟိုစာရင်း အင်းအဖွဲ့၊ ပြည်နယ်တာဝန်ခံ ဒေါ်တင်ချိုကြူကြူခိုင်က သင်တန်းဖွင့်လှစ်ရခြင်းအကြောင်းနှင့်ပက်သက်၍ ရှင်းလင်းတင်ပြပြီး သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့သည်။

အဆိုပါ သင်တန်းကို ဇွန်လ (၄) ရက်နေ့မှ (၅) နေ့အထိ တစ်ရက်လျှင် ဌာန (၄၆) ခုနှင့် နှစ်ရက်ခွဲပြီး ဌာနဆိုင်ရာ (၉၂) ဌာနတို့မှ ဝန်ထမ်း (၉၂) ဦးအား ကော်မတီအတွင်းရေးမှူးရုံး၊ ပြည်နယ်ဗဟို စာရင်းအင်းအဖွဲ့မှ တာဝန်ရှိသူများမှ စာရင်းဖြည့်သွင်းခြင်း လုပ်ငန်းစဉ်များအား ရှင်းလင်းပို့ချပေးသွားမှာဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)