ငပုတောမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်းများ ဆက်လက်ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ကွင်း‌ချောင်းကျေးရွာနှင့် တမန်ချောင်းကျေးရွာတို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ဘုန်းကြီးကျောင်းဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကျိုက်လတ်မြို့နယ်တွင် အခြေခံလူတန်းစားများအတွက် ချိုသာသောစျေးနှုန်းဖြင့် စားအုန်းဆီများ ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် အခြေခံလူတန်းစားများ စားသုံးဆီဖူလုံစေရေးနှင့် စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍  ချိုသာသော စျေးနှုန်းဖြင့် စားအုန်းဆီများ ရောင်းချပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက အမှတ်(၄)ရပ်ကွက်၊ (၁၀)လမ်းထိပ်နှင့် ဗိုလ်ချုပ်လမ်းထောင့်ရှိ အခွန်လွတ်စျေးတွင် စားအုန်းဆီများ ရောင်းချပေးခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်၌ စာအုပ်စာစောင်ပြပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community centre)တွင် ယနေ့နံနက် (၁၀)နာရီက စာအုပ်စာစောင်ပြပွဲ ပြုလုပ်ခဲ့သည်။

နောင်ချိုမြို့ သဖန်းကိုင်းပရဟိတအဖွဲ့မှ အမှတ်-၁အခြေခံပညာအထက်တန်းကျောင်းသို့ ထိုင်ခုံ အလုံး ၂၀၀ နှင့် အလှူငွေ ၁၀သိန်းလှူဒါန်း

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သဖန်းကိုင်း ပရဟိတ်ဆရာတော်သဒ္ဓမ္မဇောတိက ဓဇဒေါက်တာဘဒ္ဒန္တပညာလင်္ကာရအမှူးပြုသော သဖန်းကိုင်းပရဟိတအဖွဲ့မှ အမှတ်-၁အခြေခံပညာအထက်တန်းကျောင်းသို့ ယမန်နေ့က ထိုင်ခုံ အလုံး-၂၀၀နှင့် အလှူငွေ ကျပ် ၁၀ သိန်းကို လှူဒါန်းခဲ့ရာ ကျောင်းအုပ်ဆရာကြီး ဦးကျော်ဝင်းနှင့် ဆရာ/ ဆရာမများက လက်ခံရယူကာ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

တာလေမြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ မြို့ပေါ်ရပ်ကွက်များရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က တာလေတိုက်နယ်ကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကလေးမြို့တွင် ၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ကလေးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်စုပါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

လားရှိုးမြို့တွင် ဥပ္ပါတသန္တိကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ ရန်တိုင်းအောင်ဆုတောင်းပြည့်မြို့ဦးစေတီတော်တွင် ကျင်းပပြုလုပ်ခဲ့သည့် ဥပ္ပါတသန္တိကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန် ကအဆိုပါစေတီတော်တွင် ကျင်းပခဲ့သည်။

မိုင်းခုတ်မြို့၌ အသက် (၂) နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ အသက် (၂) နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းကို ယနေ့နံနက် (၉) နာရီခွဲအချိန်က မိုင်းခုတ်တိုက်နယ်ဆေးရုံ၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သထုံမြို့နယ်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အဖြစ် မြို့နယ်သစ်တောဦးစီးဌာနမှ စီစဉ်ပြုလုပ်သည့် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်က လိပ်အင်းရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းဆတ်မြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားကို ယနေ့နံနက် (၉)နာရီက အ.ထ.က(မိုင်းဆတ်) မြတ်ပညာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to