မိုင်းယုမြို့၌ စာဖတ်သူများထံ စာအုပ်များဌားရမ်းပေး

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် စာဖတ်သူများ စာအုပ်များအလွယ်တကူငှားရမ်းဖတ်ရှုနိုင်ရေးအတွက် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များကို ကျောင်းသား/သူများအား ယနေ့န့နက်ပိုင်းက ငှားရမ်းပေးခဲ့သည်။

ချောက်မြို့နယ်တွင် "မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ"ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် သစ်တောသစ်ပင်များဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတုမျှတကောင်းမွန်စေရေး၊ သစ်တောပြုန်းတီးမှုမဖြစ်ပေါ်စေရေး၊ ဒေသတွင်းအပူချိန်လျော့ကျလာစေရေးနှင့် သစ်တောသစ်ပင်ထိန်းသိမ်းကာကွယ်ရေးတို့အတွက်ရည်ရွယ်၍ မြို့နယ်သစ်တောဦးစီးဌာန၏ဦးဆောင်မှုဖြင့် ယနေ့နံနက် ၇ နာရီခွဲအချိန်က‌ အမှတ် (၁၅) ရပ်ကွက်ဇီးချိုပင်ဂေါက်ကွင်း၌မိုးရာ သီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပခဲ့သည်။

မြို့သစ်မြို့၊ မြို့မဈေးကြီးအတွင်းအသားဆိုင်များအားသတ်မှတ်ဈေးနှုန်းအတိုင်းရောင်းချ ခြင်းရှိ/ မရှိကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် စားသုံးသူပြည်သူများ ဈေးနှုန်းသက်သာစွာဝယ်ယူစားသုံးနိုင်ရေးအတွက် မြို့သစ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် စားသုံးသူပြည်သူများ သက်သာစွာစားသုံးနိုင်ရေးအတွက် မြို့သစ်မြို့၊ မြို့မစျေးအတွင်း (အမဲသား၊ ဝက်သား၊ ဆိတ်သား) အသားများအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။

သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်၊ လုပ်ငန်းများဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးမြို့နယ်အတွင်းရှိ ကျောင်းသား/သူများနှင့် ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းဆောင်ရွက်ခြင်းနှင့် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများကို ယမန်နေ့ညနေ ၃ နာရီခွဲအချိန်က ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ကျိုက်မရောမြို့နယ်၌ မုန်တိုင်းဘေးနှင့် ရေဘေးအန္တရာယ်ဆိုင်ရာတုန့်ပြန်ဆောင် ရွက်ရေးဇာတ်တိုက်လေ့ကျင့်

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ စနစ်တကျပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ယနေ့နံနက်ပိုင်းက ကျိုက်မရောမြို့ရန်မျိုးအောင်ရပ်ကွက် အေးမြသာစည်လမ်း၌ မုန်တိုင်းဘေးအန္တရာယ် ​မြေပြင်အသက်ကယ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဇာတ်တိုက်လေ့ကျင့်ခဲ့ကြောင်း သိရသည်။

သဲကုန်းမြို့နယ်၌ ၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် သစ်တောသစ်ပင်များစိမ်းလန်းစိုပြည်စေရန်၊ သစ်တောပြုန်းတီးမှုများမဖြစ်ပေါ်စေရန်၊ ဂေဟစနစ်ပျက်စီးမှုကာကွယ်ထိန်းသိမ်းနိုင်ရန်နှင့် သစ်ပင်စိုက်ပျိုးခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများကို ဒေသခံပြည်သူများမှရရှိခံစားနိုင်စေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို မြို့နယ်သစ်တောဦးစီးဌာနမှ ယမန်နေ့နံနက်၈နာရီက သဲကုန်းမြို့နယ်၊ ကန်နှစ်ဆင့်ကျေးရွာ မြောက်ဘက် ကားလမ်းမကြီးနံဘေး 85N-5E 57855 မိုင်တိုင်အမှတ်(၇/၂) အကွက်တွင် ကျင်းပခဲ့ကြသည်။

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် မင်းဘူးမြို့ရှိ အဓိကမိန်းလမ်းမကြီးအား နိုင်လွန်ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး-စလင်း-တညောင်-ဆိပ်ဖြူလမ်းပိုင်းရှိ မင်းဘူးမြို့၏ အဓိကမိန်းလမ်းမကြီးအား နိုင်လွန်ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင့်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိများသည် ယမန်နေ့ နံနက်ပိုင်းက သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျောက်ဖြူမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ “သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး” အထိမ်းအမှတ် အခမ်းအနား ပြုလုပ်

၂၀၂၄ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ “သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှား ဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး” အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အစိုးရရပ်ကွက်ရှိ ရမ္မာဝတီခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဆရာ၊ဆရာမများနှင့် ဆုရကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြသည်။

အိမ်မဲမြို့နယ် ဆိတ်ချေးကုန်းကျေးရွာ၌ ၂၀၂၄ ခုနှစ်မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကျင်းပ

ဇွန်လ(၅)ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အဖြင့် ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၇ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု ဆိတ်ချေးကုန်းကျေးရွာ၌ စိုက်ပျိုးခဲ့ကြောင်း သိရသည်။

လားရှိုးမြို့နယ်အတွင်းရှိ တောင်သူများ စိုက်ပျိုးသီးနှံများစိုက်ပျိုးချိန် အဆင်ပြေစေရေး စိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊လားရှိုးမြို့နယ်အတွင်းရှိ တောင်သူများ မိုးစပါးသီးနှံများ အဆင်ပြေစွာဖြင့် စိုက်ပျိုးနိုင်ရန်အတွက် စိုက်ပျိုးစရိတ်ချေးငွေများကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
Subscribe to