ဖျာပုံမြို့၌ ၂၀၂၄ ခုနစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးဆောင်၍ (၂၀၂၄) ခုနစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ်" သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး" ဟူသော ဆောင်ပုဒ်နှင့်အညီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာဗဟုသုတများ ပြည်သူလုထုထံသို့ ကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိပြီး တက်ကြွတဲ့ ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်လာစေရန်ရည်ရွယ်၍ အသိပညာပေး ဟောပြောခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က ဖျာပုံမြို့ အထက-(၁)ကျောင်း ရာပြည့်ခန်းမ၌ ကျင်းပပြုလုပ်သည်။