ဗန်းမော်မြို့နယ်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် စာစီစာကုံးဆုချီးမြှင့်ပွဲကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ဗန်းမော်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကျင်းပသော ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ဗန်းမော်မြို့တော်ခန်းမတွင် ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့၌ စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့်ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သည့် စစ်ကြောင်းကြီး (၅) ကြောင်းက ကျိုင်းတုံမြို့ အမှတ်(၅)ရပ်ကွက်ရှိ ကျိုင်းအင်းဘုန်းတော်ကြီးကျောင်း၌ ဒေသခံ ပြည်သူများနှင့်တွေ့ဆုံ၍ အသိပညာပေးဟောပြောပွဲခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ဒေးဒရဲမြို့နယ်စိန်လေးကုန်းကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း မိတ်ဆက်ရှင်းလင်း​​ခြင်းနှင့်ကော်မတီဖွဲ့စည်းခြင်းအခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ လူမှုစီပွားဘဝများဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြည်သူများပါဝင်မှုဖြင့် စဥ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က လေးအိမ်တန်းကျေးရွာအုပ်စု၊ စိန်လေးကုန်းကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့်ကော်မတီဖွဲ့စည်းခြင်းအခမ်းအနားကို  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့နယ်တွင် ကလေးသူငယ်များ ပြုစုစောင့်ရှောက်ရေး ဂေဟာဒုတိယအဆင့်တိုးမြှင့်ခြင်းနှင့် ကိုယ့်အားကိုယ်ကိုး ပုဂ္ဂလိက မူလတန်းကြိုကျောင်းအား ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊​ နောင်ချိုမြို့နယ်သို့ ကျောက်မဲခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းရီမှ သဖန်းကိုင်းပရဟိက ကလေးသူငယ်များ ပြုစုစောင့်ရှောက်ရေး ဂေဟာဒုတိယအဆင့်တိုးမြှင့်ခြင်းနှင့် ကိုယ့်အားကိုယ်ကိုး ပုဂ္ဂလိက မူလတန်း ကြိုကျောင်းအား ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပုလောမြို့နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်း (မြစိမ်းရောင်) သမဝါယမဏ္ဍ တောင်သူများအား သွင်းအားစုဖိုးမတည်ပံ့ပိုးငွေ သိန်း (၄၁၀) ထုတ်ပေး

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်း (မြစိမ်းရောင်) သမဝါယမဏ္ဍ တောင်သူများအား သွင်းအားစုဖိုးမပံ့ပိုးတည်ငွေ သိန်း (၄၁၀) ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ပုလောမြို့နယ် သမဝါယမ ဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။

စလင်းမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့်မွေးကင်းစမှ အသက် (၂) နှစ်အထိ ကလေးငယ်များအား လစဥ်ပုံမှန် ကာကွယ်ဆေးထိုးနှံပေးလျက်ရှိ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးနှင့် ကျန်းမာရေး ဆရာ၊ ဆရာမများက ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစကလေးငယ်များအား အသက် (၂) နှစ်အထိ လစဥ်ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် (၉) နာရီခွဲအချိန်မှ စတင်ကာ စျေးမရပ်ကွက်ရှိ မိခင်နှင့်ကလေးကျန်းမာရေး ဆေးပေးခန်းတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကျိုင်းလပ်မြို့အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသည့် စားသောက်ဆိုင်များနှင့် စားသုံးဆီအရောင်းဆိုင်များ ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသည့် စားသောက်ဆိုင်၊ ထမင်းဆိုင်များနှင့် စားသုံးဆီဆိုင်များအား ထုတ်ပြန်ထားသေား စည်းကမ်းချက်များနှင့် အညီ လိုက်နာမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက်(၉) နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဘုတ်ပြင်းမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်က ဘုတ်ပြင်းမြို့ ရွှေဘုံသာရပ်ကွက်ရှိ ရာဇာမုနိစေတီတော်တောင်ခြေ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဒိုက်ဦးမြို့နယ်၌ အသက်(၂)လမှအသက်(၂)နှစ်‌အောက် ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး/ ဆေးတိုက်ခြင်းလုပ်ငန်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများရှိ အသက်(၂)လမှ အသက်(၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက  မြို့နယ်အတွင်းရှိရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများ၌ ထိုးနှံပေး‌နေကြောင်း သိရသည်။

မြစိမ်းရောင်တောင်တော်သာသနာ့နယ်မြေ၌ အင်းဝအာရုဏ်ခံတန်ဆောင်းတော်ကြီး ရေစက်ချမင်္ဂလာနှင့် ဓမ္မစကြာမုနိဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓဘိသေက ဘုရားအနေကဇာတင်ခြင်း အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့ မြစိမ်းရောင်တောင်တော်သာသနာ့နယ်မြေ အမရဝတီဆင်ဖြူတောင်စေတီတော်မြတ်ကြီး ပရိဝုဏ်အတွင်းရှိ အင်းဝအာရုဏ်ခံတန်ဆောင်းတော်ကြီး ရေစက်ချမင်္ဂလာနှင့် တန်ဆောင်းတော်အတွင်းရှိ ဓမ္မစကြာမုနိဗုဒ္ဓရုပ် ပွားတော်မြတ်ကြီး ဗုဒ္ဓဘိသေကဘုရားအနေကဇာတင်ခြင်း အလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲအချိန်က ကညင်ချောင်းကျေးရွာအုပ်စု၊ မြစိမ်းရောင်တောင်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to