ဒေးဒရဲမြို့နယ်စိန်လေးကုန်းကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း မိတ်ဆက်ရှင်းလင်း​​ခြင်းနှင့်ကော်မတီဖွဲ့စည်းခြင်းအခမ်းအနား ကျင်းပ

ဒေးဒရဲ ဇွန်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ လူမှုစီပွားဘဝများဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြည်သူများပါဝင်မှုဖြင့် စဥ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က လေးအိမ်တန်းကျေးရွာအုပ်စု၊ စိန်လေးကုန်းကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့်ကော်မတီဖွဲ့စည်းခြင်းအခမ်းအနားကို  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဒေါ်သီသီအောင်က မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ လူမှုဘဝများဖွံ့ဖြိုးတိုးတက်စေရေးအတွက်  မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ စိုက်ပျိုးရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေး အသက်မွေးဝမ်းကျောင်း အထောက်အကူပြုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည့်လုပ်ငန်းများနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းများ ရေရှည်တည်တံ့၍ ကာလရှည်ကြာအသုံးပြုနိုင်ရေး ကျေးရွာပြည်သူများ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့သည်။

ဆက်လက်၍တက်ရောက်လာသည့် ကျေးရွာသူ၊ ကျေးရွာသားများက ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်သည့် သိရှိလိုသည့်အချက်များကို မေးမြန်းဆွေးနွေးခဲ့ရာ စီမံကိန်းတာဝန်ခံဒုတိယဦးစီးမှူးဒေါ်မြတ်မွန်အေး  သိရှိလိုသည့်အချက်များနှင့် စီမံကိန်းအကျိုးကျေးဇူးများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေး ကျေးရွာကော်မတီများအား အများပြည်သူဆန္ဒပြုရွေးချယ်သည့် ကျေးရွာသူ၊ ကျေးရွာသား()ဦးဖြင့် ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။

အေဇာလင်း